60 ယေရှုဟ “လူသေများဟို လူသေလို့ပဲ သင်္ဂြိုဟ်ပါစေ၊ နင်သွားပင်း ဘုရားသခင်ရဲ့ နိုင်ငံတော်အကျောန်းဟို ပြောကြားလော့” ဟု ပြန်ပြောအယ်။
ယေရှုဟ ဂါလိလဲပြေတဆှောက်လုံး ပတ်သွားပင်း၊ တရားဇရပ်များတွင် သွန်သင်ကာ၊ နိုင်ငံတော်နဲ့ယှဉ်သော သတင်းကောင်းဟို ဟောပင်း၊ လူလို့တွင် အနာရောဂါအမျိုးမျိုးနဲ့ အဖျားအနာဆိသမျှလို့ဟို ငြိမ်းစေအယ်။
ယေရှုဟလည်း “ငါ့နောက်သို့ လိုက်လော့၊ လူသေလို့ဟ မိမိလူသေလို့ဟို သင်္ဂြိုဟ်မန့်လေစေ” ဟု မိန့်အယ်။
ငါ့သားဟ မခင်ဟ သေခဲ့ပေမဲ့လည်း အခု သူဟ ပြန်ဆှင်လာအယ်။ မခင်ဟ ပျောက်ဆုံးခဲ့ပေမဲ့လည်း အခု ပြန်ယွေ့ တွေ့ပီ’ ဟု ဆိုလေအယ်။ အဲပင်းရင် သူလို့ဟ ပျော်မွေ့ခြင်းဟို ပြုကြအယ်။
အဲလိုလဲ နင့်ညီဟ သေဆုံးခဲ့ပေမဲ့လည်း အသက်ဆှင်လာအယ်။ ပျောက်သွားခဲ့ပေမဲ့လည်း ပြန်တွေ့ရပီ။ အေးလို့မို့ ငါလို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆင်နွှဲခဲ့ကြအယ်’ ” ဆိုပင်း ပြန်ဖြေအယ်။
ငါရဲ့ ဝါကြွားမှုဟို အလကားကား ဖြစ်စေရန် ပြုလုပ်ခွင့်ဟို စသူအားမျှ ပေးလိမ့်မယ် မဟုတ်။ သတင်းကောင်းဟို ဟောပြောရလဲ့အတွက် ငါ့မှာ ဝါကြွားနိန်ခွင့် မဆိ။ ပစာကို့ အေးသတင်းကောင်းဟို မဟောဘဲနေရင် ငါဟ ပစာလောက် အမင်္ဂလာဆိလိမ့်မလုန်း။
အတိတ်ကာလနှိုက် နင်ဟ နင့်ရဲ့မနာခံမှုနဲ့ အပစ်များကျောန့် ဝိညာဉ်ရေးအရ သေဆုံးသွားခဲ့အယ်။
လွန်ကျူးသောအပစ်နှိုက် ငါလို့ဟ ဝိညာဉ်ရေးအရ သေနေစဉ်တွင် ခရစ်တော်နဲ့အတူ ငါလို့ဟို အသက်ပြန်ဆှင်စေအယ်။ နင်လို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကျောန့် ကယ်တင်ခြင်း ခံရအယ်။
အားပေမဲ့ အပျော်အပါးလိုက်စားသော မုဆိုးမဟ အသက်ဆှင်လျက်ပင် အသေ ဖြစ်အယ်။
နှုတ်ကပတ်တော်ဟို ဟောပြောလော့၊ အချိန်ဆိတာ ဖြစ်စေ၊ မဆိတာ ဖြစ်စေ၊ ကြိုးစားအားထုတ်လော့၊ အပစ်ဟို ဖော်ပြလော့၊ ဆုံးမခြင်းဟို ပြုလော့၊ ရမ်းဆာ့ဆှည်သောစိတ်နဲ့ ဩဝါဒမျိုးဟို ပေးယွေ့ တိုက်တွန်းနှိုးဆော်လော့။
အားပေမဲ့ နင်ဟ အရာရာနှိုက် သမ္မာသတိ ဆိလော့၊ ဆင်းရဲဒုက္ခဟို သည်းခံလော့၊ ကောင်းမြတ်သော သတင်း ဟောပြောသူ ပြုရမဲ့အမှုဟို ပြုလော့၊ ဘုရားသခင်ရဲ့ အစေခံအနေဖြင့် နင်ရဲ့ တာဝန်ဆိသမျှဟို ဆောင်ရွက်လော့။
“သာဒိမြို့နှိုက် ဆိသော အသင်းတော်ရဲ့ တမန်အား ဟေလို ရေးလိုက်လော့။ “ဘုရားသခင်ရဲ့ ဝိညာဉ်ခုနေပါးနဲ့ ကြယ်ခုနေလုံးဆိသော သူဟ ဟေလို မိန့်အယ်။ နင်ရဲ့ လုပ်ဆောင်မှုများဟို ငါသိအယ်။ နင်ဟ အသက်ဆှင်နေတာဟု နာမယ် ခံထားသော်လည်း သေသောသူ ဖြစ်အယ်။