31 သူလို့ဟ ခေါန်းခင်ကနေ ဘုန်းတော်နဲ့အတူ ပေါ်လွင်လာပင်း ဘုရားသခင်ရဲ့ ရည်ရွယ်ချက် မကြာခင် ပြေ့စုံဖို့ ယေရုရှလင်မြို့မှာ အသေခံရမဲ့အကျောန်းဟို ယေရှုနဲ့အတူ ပြောဆိုနေကြအယ်။
ယေရှုဟ “လူသားဟ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်ကြီးများနဲ့ ကျမ်းတတ်ဆရာများရဲ့ ငြင်းပယ်ခြင်းဟို ခံရပင်းရင် ဝေဒနာများဟိုလည်း ခံစားရမယ်။ သူဟ အသေသတ်ခြင်းဟို ခံရမယ်။ အဲလိုလဲ သုံးရက်မြောက်နေ့မှာ အသက်ပြန်ဆှင် ထမြောက်လိမ့်မယ်” ဟု သူလို့အား မိန့်အယ်။
ခုတုံးပင် လူနေယောက်ဟ ပေါ်လာပင်း ယေရှုနဲ့ စကားပြောလျက်နေအယ်။ သူလို့ဟ ဧလိယနဲ့ မောရှေ ဖြစ်ကြအယ်။
နောက်နေ့နှိုက် သူ့ဆေဟို ယေရှု ကြွလာတာဟို မျော်ရင် ယောဟန်ဟ “လောကသားလို့ရဲ့ အပစ်ဟို ယူဆောင်သွားသော ဘုရားသခင်ရဲ့ သိုးသငယ်ဟို ကျေ့ကြလော့။
အဲလိုမို့ ငါလို့ဆိသမျှဟ မျက်နှာဖုံး မဆိတော့ဘဲ သခင်ဘုရားရဲ့ ဘုန်းအသရေဟို ရောင်ပြန်ဟပ်လျက် ဆိကြအယ်၊ ဝိညာဉ်တော်တည်းဟူသော သခင်ဘုရားမှ လွှတ်သော ဘုန်းအသရေဟ ငါလို့အား အစဉ်အမြဲ ဘုန်းအသရေ တိုးပွားစေယွေ့ ကိုယ်တော်ရဲ့ ပုံသဏ္ဌာန်တော်သို့ ပြောင်းလဲစေလျက် ဆိအယ်။
ကိုယ်တော်ဟ အရာခပ်သိမ်းဟို မိမိရဲ့ အာဏာစက်အောက်တွင် ရောက်စေသော တန်ခိုးတော်အားဖြင့် ငါလို့ရဲ့ သေကြေပျက်စီးတတ်သော ကိုယ်ခန္ဓာဟို မိမိရဲ့ ဘုန်းအသရေနဲ့ ပြေ့စုံသော ကိုယ်ခန္ဓာနဲ့တူအောန် ပြောင်းလဲစေလိမ့်မယ်။
နင်လို့ရဲ့ အသက် အစစ်မန်ဖြစ်သော ခရစ်တော် ထင်ဆှားသောအခါ နင်လို့ဟလည်း ကိုယ်တော်နဲ့အတူ ဘုန်းအသရေ ထင်ဆှားကြလိမ့်မယ်။
ယောသပ်ဟ သေချိန်နီးသောအခါ ယုံကြည်ခြင်းအားဖြင့် ဣသရေလ အမျိုးသားလို့ရဲ့ ထွက်မြောက်ခြင်းအကျောန်းဟို ပြောပြလျက် မိမိရဲ့ အရိုးလို့နဲ့ ပတ်သက်ယွေ့ မှာထားခဲ့အယ်။
နင်လို့ဟို မိမိရဲ့ ထာဝရ ဘုန်းအသရေထဲဟို ခရစ်တော် ယေရှုအားဖြင့် ခေါ်ယူသော အဆှင်၊ ကျေးဇူးတော်အပေါင်းနဲ့ ပြေ့စုံသော ဘုရားသခင် ကိုယ်တော်တိုင်ဟ ဆင်းရဲဒုက္ခဟို ခဏခံစားပင်းသော နင်လို့ဟို စုံလင်စေယွေ့ ခွန်အားနဲ့ပြေ့စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေလိမ့်မယ်။
ဟေလောကမှ ငါထွက်ခွာသွားပင်း နောက်တွင်လည်း ဟေအကျောန်းအရာများဟို နင်လို့ အစဉ်အမြဲ သတိရစေရန် ငါကြိုးစားမယ်။
ငါဟလည်း “သခင်၊ ကိုယ်တော် သိအယ်” ဟု ပြန်ဆှောက်ရင်၊ အဲသူဟ “ဟေသူလို့သည် ရမ်းဆာ့သော ဆင်းရဲဒုက္ခထဲမှ ထွက်လာသောသူများ ဖြစ်ကြအယ်။ သူလို့ဟ မိမိလို့ရဲ့ ဝတ်လုံများဟို သိုးသငယ်ရဲ့ အသွေးအားဖြင့် လျှော်ဖွတ်လျက် ဖြူစေကြအယ်။