29 နင်လို့ ပါးတဖက်ဟို တယောက်ယောက်ဟ ရိုက်ရင်၊ တခြားတဖက်ဟိုလည်း ရိုက်ဖို့ ပေးပါ၊ နင်ရဲ့ ဝတ်လုံဟို တယောက်ယောက်ဟ ယူသွားရင် နင်ရဲ့ အင်္ကျီဟိုလည်း ယူသွားဖို့ ပေးပါ။
အေးနောက် သူလို့ဟ ကိုယ်တော်ရဲ့ မျက်နှာတော်ဟို ဆံထွေးနဲ့ ထွေးပင်း ရိုက်ကြအယ်။ တချို့သော သူလို့ဟ ကိုယ်တော် ပါးဟို ရိုက်ပင်းရင်၊
သူလို့ဟ ကိုယ်တော်ရဲ့ မျက်နှာဟို အုပ်ထားပင်းရင် “ကိုယ်တော်အား စသူ ဖိုင်တာဟို ပရောဖက်ပြုပါ” ဟု ဆိုကြအယ်။
နင့်ဆေ တောင်းခံလာသူတိုင်းဟို ပေးလော့၊ နင်ပိုင်ဆိုင်သောအရာလို့ဟို ယူသွားသော သူလို့ဆေမှ ပြန်မတောင်းနဲ့။
အဲသို့ ယေရှု မိန့်သောအခါ အစောင့်တပ်သားတဦးဟ “ယဇ်ပုရောဟိတ်မင်းအား နင်ဟ ဟေသို့ ပြန်ပြောရသလော” ဟု ဆိုလျက် ယေရှုဟို ဖိုင်လေအယ်။
ယဇ်ပုရောဟိတ်မင်း အာနနိဟလည်း သူ့အနီးတွင် ရပ်နေသူများအား ပေါလုရဲ့ စလောင်ဟို ရိုက်ရန် အမိန့်ပေးလေအယ်။
အခုတိုင်အောန် ငါလို့ဟ မွတ်သိပ်ခြင်းနဲ့ ယေငတ်ခြင်း၊ အဝတ်အစားနွမ်းပါးခြင်း၊ ဖိုင်ညှဉ်းဆဲခြင်းဟို ခံရကြအယ်၊ ငါလို့ဟ အိုင်ခြေရာမဲ့ လှည့်လည်ကြရအယ်။
ဟေသို့ အချင်းချင်း တရားစွဲဆိုခြင်းဟ နင်လို့အတွက် ဆုံးရှုံးမှု ဖြစ်စေအယ်။ တရားစွဲဆိုမဲ့အစား မတရားပြုခြင်းဟို ခံရတာဟ ပိုပင်း မကောင်းသလော။ လုယက်ခြင်းခံရတာဟ ပိုပင်း မကောင်းသလော။
တစုံတယောက်ဟ နင့်ဟို ကျွန်ပြုတာ ဖြစ်စေ၊ အခွင့်ကောင်းယူခြင်း၊ လုယူတာ ဖြစ်စေ၊ အထင်မြင်သေးတာ ဖြစ်စေ အဲဟာမဟုတ်ရင် ပါးဟို ရိုက်တာ ဖြစ်စေ နင်လို့ဟ သည်းခံကြအယ်။
နင်လို့ဟ အကျဉ်းခံ နေရသူလို့အတွက်ကျောန့် ကြင်နာသော စိတ်ဆိကြအယ်၊ မိမိလို့ရဲ့ ဥစ္စာပစ္စည်းများဟို မတရားသိမ်းယူတာဟိုလည်း ဝမ်းမြောက်စွာ ခံကြအယ်၊ ပစာကို့ မိမိလို့နှိုက် အေးအရာများထက် ပိုယွေ့ ကောင်းမြတ်တည်မြဲသောအရာ ဆိကျောန်းဟို သိကြသောကျောန့် ဖြစ်အယ်။