28 နင်လို့ဟို ကျိန်ဆဲသောသူဟို ကောင်းချီးပေးပါ၊ နင်လို့ဟို ကဲ့ရဲ့ရှုတ်ချသော သူလို့အတွက် ဆုတောင်းပေးပါ။
အဲလိုလဲ ငါ နင့်ဟို ပြောတာဟ ရန်သူဟို ချစ်ကြလော့၊ နင်လို့အား နှိပ်စက်သောသူလို့အတွက် ဆုတောင်းပေးကြလော့။
ယေရှုဟ “တို့ဖ၊ အဲသူလို့အပစ်ဟို ဖြေလွှတ်ပေးပါ။ သူလို့ဟ မိမိလို့လုပ်နေလဲ့အမှုဟို မသိကြပါ” ဟု မြွက်ဆိုလေအယ်။ သူလို့ဟ ကိုယ်တော်ရဲ့ အဝတ်များဟို မဲနှိုက်ယွေ့ အချင်းချင်း ခွဲယူကြအယ်။
“အဲလိုလဲ ငါဟောတာဟို ကြားသောသူလို့၊ နင်လို့ရဲ့ ရန်သူများဟို ချစ်ပါ၊ နင်လို့ဟို မုန်းတဲ့လူဟိုလည်း ကောင်းလဲ့အမှုဟို ပြုပါ၊
အဲလိုလဲ နင်လို့ ရန်သူဟို ချစ်ကြလော့၊ ကောင်းတာဟို လုပ်ပေးကြလော့၊ ပစာဟိုမှ ပြန်ရဖို့ မမျော်လင့်ဘဲ ငမ်းကြလော့။ အေးလို့လုပ်ရင် နင်လို့ဟ ရဆိမဲ့ ဆုလာဘ်ဟ ကြီးမားပင်း နင်လို့ဟ အမြင့်မြတ်ဆုံးသော ဘုရားရဲ့ လူပဲ့သငယ်လို့ ဖြစ်ကြလိမ့်မယ်၊ ပစာကို့ သူဟ ကျေးဇူးမသိသောသူနဲ့ ဆိုးသောသူအားလည်း ကျေးဇူးပြုအယ်။
ယုဒအမျိုးသားနဲ့ လူမျိုးခြားအချို့လို့ဟ တမန်တော်လို့ဟို ညှဉ်းဆဲရန်နဲ့ ခဲဖြင့် ပေါက်ရန် မိမိလို့ ခေါင်းဆောင်များနဲ့အတူ ကြံစည် အားထုတ်ကြအယ်။
အဲပင်းရင် သူဟ ဒူးထောက်ယွေ့ “သခင်ဘုရား၊ ဟေအပစ်ဟို သူလို့အပေါ် တင်တော်မမူပါနဲ့” ဟု အသံကျယ်စွာ ကြွေးကြော်ပင်းနောက် အသက်ချုပ်လေအယ်။
နင်လို့ဟို ငြင်းဆဲသောသူလို့အား ဘုရားသခင်ဟ ကောင်းချီးပေးရန် ဆုတောင်းကြလော့၊ ကျိန်ဆဲခြင်းဟို မပြုလုပ်ဘဲ ကောင်းချီးပေးကြလော့။
ကိုယ့်လက်နဲ့ ပင်ပန်းစွာ လုပ်ဆောင်ရသောသူ ဖြစ်အယ်။ ငါလို့ဟ ကျိန်ဆဲခြင်းဟို ခံရသောအခါ ကောင်းချီးပေးကြအယ်။ ညှဉ်းဆဲနှိပ်စက်ခြင်းဟို ခံရသောအခါ သည်းခံကြအယ်။
စလောင်တခုထဲမှ ကျေးဇူးတော် ချီးမွန်းခြင်းနဲ့ ကျိန်ဆဲခြင်းတို့ ထွက်လာတတ်သလော။ ညီအကို မောင်နှမလို့၊ ဟေလို မဖြစ်သင့်။
နင်လို့ဟ ကောင်းချီးမင်္ဂလာဟို အမွေဆက်ခံရမဲ့အကျောန်း ခေါ်ယူခြင်းဟို ခံရတာ ဖြစ်ယွေ့ အဆိုးဟို အဆိုးဖြင့် လည်းကောင်း၊ ကဲ့ရဲ့ပစ်တင်ခြင်းဟို ကဲ့ရဲ့ပစ်တင်ခြင်းဖြင့် လည်းကောင်း မတုန့်ပြန်ဘဲ ကောင်းချီးဟိုသာ ပေးကြလော့။