26 “လူအားလုံးဟ နင်လို့ဟို ချီးမွန်းကြသောအခါ စလောက် ကြောက်စရာ ကောင်းလဲ၊ သူလို့ရဲ့ ဖိုးဖေးများဟ မားယွင်းလဲ့ ပရောဖက်များဟို အေးပုံစံအတိုင်း ဟောခဲ့ကြပီ။
“မားသောပရောဖက်လို့ဟို သတိထားကြလော့။ သူလို့ဟ သိုးရေခြုံလျက် နင်လို့ဆေဟို လာပေမဲ့လည်း အတွင်းစိတ်ဟ ရက်စက်သော ဝံပုလွေလိုမျိုး ဖြစ်ကြအယ်။
ခုခါ ဝစွာ စားရသောသူလို့ နင်လို့ စလောက် ကြောက်စရာကောင်းလဲ၊ နင်လို့ဟ မွတ်ခြင်းဟို ရောက်လိမ့်မယ်၊ ခုခါ ရယ်တတ်သောသူလို့ နင်လို့ စလောက် ကြောက်စရာကောင်းလဲ၊ နင်လို့ဟ ညည်းတွားခြင်းနဲ့ ငိုကခြင်းဟို ရောက်လိမ့်မယ်၊
နင်လို့ဟ လောကနဲ့ သက်ဆိုင်သောသူများဖြစ်ရင် လောကသားလို့ဟ မိမိလို့နဲ့ဆိုင်သော နင်လို့ဟို ချစ်ကြလိမ့်မယ်။ အဲလိုလဲ ငါဟ နင်လို့ဟို ဟေလောကထဲဟ ရွေးကောက်တာဖြစ်ယွေ့ နင်လို့ဟ ဟေလောကနဲ့ မသက်ဆိုင်ဝူး၊ အဲအကျောန်းကျောန့် လောကသားလို့ဟ နင်လို့ဟို မုန်းကြအယ်။
လောကီသားလို့ဟ နင်လို့ဟို မမုန်းနိန်၊ အဲလိုလဲ ငါ့ဟို မုန်းကြအယ်၊ ဟေလိုမုန်းကြခြင်းမှာ ငါဟ သူလို့ရဲ့ ဆိုးညစ်သောအကျင့်များဟို ပြောသောကျောန့် ဖြစ်အယ်။
အကျောန်းမှာ သူလို့ဟ ငါလို့ရဲ့ အဆှင် ခရစ်တော်ရဲ့ အစေဟို ခံသူများ မဟုတ်ဘဲ၊ သူလို့ရဲ့ ကိုယ်ပိုင်အရာကိုယ်သာ စိတ်ဝင်စားကြသူများ ဖြစ်ကြအယ်။ သူလို့ရဲ့ ချိုသာသော စကားများနဲ့ မြှောက်ပင့်သော စကားများဖြင့် အပစ်မဲ့သူလို့ဟို လှည့်စားတတ်ကြအယ်။
ဖောက်ပြန်သောသူလို့၊ လောကနဲ့ မိတ်ဖွဲ့ခြင်းဟ ဘုရားသခင်ဟို ရန်ဘက်ပြုခြင်း ဖြစ်ကျောန်း နင်လို့ မသိကြသလော။ အဲကျောန့် လောကရဲ့ မိတ်ဆွေ ဖြစ်လိုသောသူဟ ဘုရားသခင်ရဲ့ ရန်သူ ဖြစ်အယ်။