24 “အဲလိုလဲ ခုခါ ချမ်းသာသူလို့ နင်လို့ စလောက် ကြောက်စရာ ကောင်းလဲ၊ နင်လို့ဟ အခု ဖဝါ့နှိုက် သက်သာစွာ နေထိန်ရကြအယ်။
“နင်လို့ဟ အစာဆှောင်ခြင်း အကျင့်ဟို ကျင့်သောအခါ ဟန်ဆောင်တတ်သောသူလို့ လိုမျိုး မျက်နှာညှိုးငယ်ခြင်း မဆိကြနဲ့။ အဲသူလို့ဟ မိမိလို့ အစာဆှောင်တာဟို လူများလို့ဆေ့မှာ ပေါ်လွင်စေဖို့၊ မိမိလို့ရဲ့ မျက်နှာဟို ဖျက်တတ်ကြအယ်။ ငါ နင်လို့ဟို အမန်ပြောတာဟ၊ အဲသူလို့ဟ မိမိလို့ အကျိုးဟို အပြေ့အဝခံစားရကြပီ။
“အဲလိုမို့ နင်ဟ လိုအပ်နေတဲ့သူဟို ပေးသောအခါ သူတော်ကောင်းဟန်ဆောင်သူလို့ လိုမျိုး လူများရဲ့ ချီးမွန်းဟို ခံလိုယွေ့ တရားဇရပ်များနဲ့ လမ်းဆုံလမ်းခွများတွင် မိမိလို့ဆေ့မှာ တံပိုးခရာ မှုတ်စေလဲ့နည်းတူ မပြုကြနဲ့။ ငါ နင့်ဟို အမန်ဆိုတာဟ၊ အဲသူလို့ဟ မိမိလို့အကျိုးဟို ရကြပီ။
“နင်လို့ဟ ဆုတောင်းသောအခါ၊ သူတော်ကောင်းဟန်ဆောင်သူလို့ လိုမျိုး မပြုကြနဲ့။ အဲသူလို့ဟ လူများမျော်သာအောန် တရားဇရပ်များနဲ့ လမ်းဆုံလမ်းခွများမှာ ရပ်လျက် ဆုတောင်းခြင်းဟို နှစ်သက်ကြအယ်။ ငါ နင့်လို့ဟို အမန်အကန်ပြောတာဟ၊ အဲသူလို့ဟ မိမိလို့ အကျိုးဟို ခံရကြအယ်။
ခုခါ ဝစွာ စားရသောသူလို့ နင်လို့ စလောက် ကြောက်စရာကောင်းလဲ၊ နင်လို့ဟ မွတ်ခြင်းဟို ရောက်လိမ့်မယ်၊ ခုခါ ရယ်တတ်သောသူလို့ နင်လို့ စလောက် ကြောက်စရာကောင်းလဲ၊ နင်လို့ဟ ညည်းတွားခြင်းနဲ့ ငိုကခြင်းဟို ရောက်လိမ့်မယ်၊
ဟေလောကနှိုက် ချမ်းသာသောသူလို့ဟ မာန်မာနကြီးခြင်း၊ မမြဲသော စည်းစိမ်များအပေါ်နှိုက် မျော်လင့်အားထားခြင်း မဆိဘဲ ပျော်ရွှင်မှုအတွက် အလုံးစုံလို့ဟို ငါလို့အား ပေးသော ဘုရားသခင်အပေါ်နှိုက် မျော်လင့်အားထားကြရမယ်။
အားပေမဲ့ နင်လို့ဟ ဆင်းရဲသောသူလို့ဟို မထီမဲ့မြင် ပြုကြအယ်။ ချမ်းသာသောသူလို့ဟ နင်လို့ဟို ညှဉ်းဆဲနှိပ်စက်ကြတာ မဟုတ်လော။ သူလို့ဟ နင်လို့အား တရားရုံးဟို ဆွဲခေါ်သွားကြတာ မဟုတ်လော။