18 သူလို့ဟ ကိုယ်တော်ရဲ့ တရားကြားနာရန်နဲ့ မိမိလို့ရဲ့ အနာရောဂါများ ပျောက်ကင်းစေရန် လာရောက်ကြအယ်။ ညစ်ညူးသောနတ်ကျောန့် ဒုက္ခရောက်သူများလည်း လာယွေ့ ကျန်းမာခြင်းဟို ရကြအယ်။
အဲဒေသတွင် နေထိန်သူ ခါနာန် အမျိုးသမီးတယောက်ဟ ကိုယ်တော်ဆေဟို လာယွေ့ “ဆရာ၊ ဒါဝိဒ်ရဲ့သားတော်၊ ကျွန်မဟို သနားမန့်။ ကျွန်မရဲ့ သမီးဟ နတ်ဆိုးစွဲသဖြင့် ရမ်းဆာ့ ဝေဒနာခံလျက် နေအယ်” ဟု ဆှောက်အယ်။
“ဆရာ၊ ငါ့ရဲ့ သားဟို သနားမန့်။ သူဟ ဝက်ရူးပြန်ရောဂါစွဲပင်း မီးထဲ အဲဟာမဟုတ်ရင် ရေထဲဟို ဖြစ်စေ ခဏခဏ လဲကျတတ်အယ်။
ယေရှုဟ တမန်တော်လို့နဲ့အတူ တောင်ပေါ်ဟ ဆင်းလာပင်း မြေညီရာအရပ်တွင် သူ့ရဲ့ တဘဲ့ လူအုပ်ကြီးများနဲ့အတူ ရပ်အယ်။ အေးနေရာတွင် ရမ်းဆာ့များသော လူအုပ်ကြီးများဟ ယုဒပြေ၊ ယေရုရှလင်မြို့မှ လည်းကောင်း၊ ကမ်းရိုးတန်းမြို့များ ဖြစ်လဲ့ တုရုမြို့နဲ့ ဇိဒုန်မြို့များမှ လည်းကောင်း လာကြသူ အများဆိအယ်။
ကိုယ်တော်အထဲဟ တန်ခိုး ထွက်ယွေ့ လူအပေါင်းလို့ဟို ကျန်းမာစေတာ ဖြစ်ယွေ့၊ လူအားလုံးလို့ဟ ကိုယ်တော်ဟို ထိနိန်ဖို့ ကြိုးစားကြအယ်။
အားပင်း ယေရုရှလင်မြို့ ပတ်ဝန်းကျင်ဆိ မြို့များမှ လူပရိသတ်လို့ဟ ဖျားနာသူများ အဲဟာမဟုတ်ရင် နတ်ဝင်ပူးနေသူများဟို ခေါ်လာကြယွေ့၊ အဲလူနာအပေါင်းလို့ဟ ရောဂါပျောက်ကင်း သွားကြအယ်။