21 ကျမ်းတတ်ဆရာများနဲ့ ဖာရိရှဲများဟ “ဘုရားဟို ပစ်မားပြောဆိုသော ဟေသူဟ စသူလုန်း၊ အပစ်များမှ ခွင့်လွှတ်နိန်သူဟာ ဘုရားသခင် တဦးတည်းသာ ဖြစ်အယ်” ဟု သူလို့တတ်တိုင်း ဟောနေကြအယ်။
အေးအခါ ယဇ်ပုရောဟိတ်မင်းဟ မိမိရဲ့အဝတ်ဟို ဆွဲဖြဲပင်းရင် “အေးသူဟ ဘုရားသခင်ဟို ပစ်မား ပြောဆိုချေပီ၊ ငါလို့ သက်သေများ ထပ်ယွေ့ မလိုတော့ပီ၊ ဘုရားသခင်အား ပစ်မားပြောဆိုတာဟို နင်လို့ အခု ကြားရပီ။
အဲပင်းရင် ကျမ်းတတ်ဆရာအချို့လို့ဟ “ဟေသူသည် ဘုရားသခင်ဟို ပစ်မား ပြောဆိုလေပီ” ဟု အချင်းချင်း ပြောဆိုကြအယ်။
နောင်တနဲ့ ထိုက်တန်သော အသီးဟို သီးကြလော့။ အာဗြဟံဟ ငါလို့ရဲ့အဖ ဖြစ်အယ်လို့ နင်လို့တတ်တိုင်း မပြောဆိုကြနဲ့။ နင်လို့ဟို ငါပြောတာဟ ဘုရားသခင်သည် အာဗြဟံရဲ့ လူပဲ့သငယ်များဟို ဟေကျောက်ခဲလို့ထဲမှ ပေါ်ထွန်းစေနိန်အယ်။
တနေ့မှာ ယေရှုဟ သွန်သင်နေစဉ် ယေရုရှလင်မြို့မှ စပင်း ယုဒပြေ၊ ဂါလိလဲပြေ မြို့များမှ လာကြသော ဖာရိရှဲလို့နဲ့ ကျမ်းတတ်ဆရာများဟ ထိန်နေကြအယ်။ အနာရောဂါများ ပျောက်ကင်းစေဖို့ ဘုရားသခင်ရဲ့ တန်ခိုးတော်ဟ ယေရှုနဲ့အတူ ဆိအယ်။
ယေရှုဟ သူလို့ စိတ်ထဲမှ အတွေးဟို သိရင် “ပစာကျောန့် နင်လို့ ဟေအရာများဟို တွေးနေကြလုန်း။
စားပွဲနှိုက် ထိန်နေကြသော တခြားသူများဟ “အပစ်များဟို ခွင့်လွှတ်နိန်သော ဟေသူဟ စသူလဲ” ဟု အချင်းချင်း ပြောကြအယ်။
သူလို့ဟ “ကောင်းသောအမှုလို့ကျောန့် ခဲနဲ့ ပစ်တာ မဟုတ်၊ နင်ဟ လူဖြစ်လျက် ဘုရားယောင်ဆောင်ယွေ့ ဘုရားသခင်ဟို ပစ်မားလဲ့ စကားဟို ပြောသောကျောန့် ခဲနဲ့ ပစ်မယ်” ဟု ဆိုကြအယ်။
ဘုရားသခင် ရွေးချယ်သောသူလို့ဟို စသူဟ အပစ်တင်မလုန်း၊ သူလို့ဟို အပစ်မဆိဟု ကြေညာသူဟ ဘုရားသခင်တတ်တိုင်း ဖြစ်အယ်။