18 နည်းအမျိုးမျိုးနဲ့ ယောဟန်ဟ လူလို့အား သတင်းကောင်း ဟောပြောခဲ့ပင်း၊ သူလို့ရဲ့ လမ်းစဉ်ဟို ပြောင်းလဲရန် တိုက်တွန်းခဲ့အယ်။
မိမိရဲ့ ကောက်နယ်တလင်းဟို ဆှင်းလင်းရန် လက်တော်တွင် ဆန်ကောဟို ကိုင်ထားတာဖြစ်ယွေ့၊ ဂျုံစပါးဟိုဟ ကျီနှိုက် စုသိမ်းယွေ့ အဖျင်းများဟိုဟ မငြိမ်းနိန်သော မီးထဲမာ ရှို့လိမ့်မယ်” ဟု သူလို့အား ပြောအယ်။
အဲလိုလဲ ဟေရုဒ်ဟ မိမိအကိုရဲ့ ပေါင်အိုမ ဟေရောဒိဟို လက်ထပ်ယူခြင်းနဲ့ ပတ်သက်ယွေ့ မိမိလုပ်ခဲ့သော မကောင်းမှုအလုံးစုံနဲ့ ပတ်သက်ပင်း ယောဟန်ဟ သူ့ဟို တိုက်တွန်းဆုံးမခဲ့အယ်။
ယောဟန်ဟ ကိုယ်တော်အကျောန်းဟို သက်သေခံအယ်။ သူဟ “‘ငါ့နောက်ကြွလာသူပေမဲ့လည်း ငါ့ထက် ကြီးမြတ်အယ်၊ ပစာကို့ ကိုယ်တော်ဟ ငါမမွေးခင်ရင်း ဆိနေတာ ဖြစ်အယ်’ ဟု ငါပြောခဲ့သူဟ အေးသူပင် ဖြစ်အယ်” လို့ ကြွေးကြော်လေအယ်။
နောက်နေ့နှိုက် သူ့ဆေဟို ယေရှု ကြွလာတာဟို မျော်ရင် ယောဟန်ဟ “လောကသားလို့ရဲ့ အပစ်ဟို ယူဆောင်သွားသော ဘုရားသခင်ရဲ့ သိုးသငယ်ဟို ကျေ့ကြလော့။
ငါမျော်ရပီဖြစ်ယွေ့ ဟေသူဟ ဘုရားသခင်ရဲ့ သားတော်ဖြစ်ကျောန်းဟို ငါသက်သေခံအယ်” ဟု ဆိုအယ်။
ပေတရုဟ အခြားသော တရားစကားများဖြင့်လည်း “နင်လို့ မိမိလို့တတ်တိုင်း ဟေဆိုးယုတ်သော လူလို့ခံရကြမဲ့ အပစ်ဒဏ်မှ ကင်းလွတ် စေကြလော့” ဟု အေးသူလို့အား တိုက်တွန်းအယ်။
သူဟ အေးဒေသများဟို ဖြတ်သန်းပင်း ယုံကြည်သူလို့ဟို ခွန်အားပေးစကားများနဲ့ တရားစကားများစွာဟို ပြောကြားအယ်။ အဲပင်းရင် သူဟ အခါယပြေဟို လာခဲ့ယွေ့၊
ခွန်အားပေးသောသူဖြစ်ရင် အေးခွန်အားပေးခြင်း အမှုဟို ပေးလော့၊ ပေးကမ်းသူဖြစ်ရင် ရက်ရောစွာ ပေးကမ်းလော့၊ ယိုးသောသူဖြစ်ရင် လုံ့လဝီရိယနဲ့ လုပ်ဆောင်လော့၊ ကရုဏာဟို ပြခြင်းဟို ပြုလုပ်သောသူဖြစ်ရင် ရက်ရောစွာနဲ့ လုပ်လော့။