56 အဲပင်းရင် သူလို့ဟ နေအိုင်ဟို ပြန်ယွေ့ ဆီမွှေးနဲ့ နံ့သာပေါင်းဟို အဆင်သင့်ပြင်ဆင်ကြအယ်။ သူလို့ဟ ပညတ်တော်ဆိလဲ့အတိုင်း ဥပုသ်နေ့တွင် အနားယူကြအယ်။
ဥပုသ်နေ့ လွန်သွားသောအခါ၊ မာဂဒလမြို့သူ မာရိ၊ ယာကုပ်ရဲ့ အမေ မာရိနဲ့ ရှာလုံလို့ဟ ယေရှုရဲ့ အလောင်းဟို သွားယွေ့ လိမ်းရန် ဆီမွှေးများဟို ဝယ်ယူကြအယ်။
တနင်္ဂနွေ နက်စာအစော မိုးလင်းစချိန်တွင် အေးမိန်းမလို့ဟ သူလို့ အသင့်ပြင်ဆင်ထားလဲ့ နံ့သာပေါင်းဟို ယူယွေ့ လုတ်တိုင်းဆေဟို သွားကြအယ်။