31 စိမ်းစိုသော အပင်ဟို ဟေလို့ပြုကြပါဟ ခြောက်သွေ့သော အပင်တွင် စလို ဖြစ်လိမ့်မလုန်း” ဟု ပြောလေအယ်။
သူ့ရဲ့ လက်တော်တွင် စပါးလှေ့ရန် ဆန်ကောဟို ကိုင်လျက် မိမိရဲ့ ကောက်နယ်တလင်းဟို ဆှင်းလင်းအယ်။ သူဟ ဂျုံစပါးဟို ကျီတွင် စုသိမ်းယွေ့၊ အဖျင်းများဟိုဟ မငြိမ်းနိန်သော မီးနဲ့ ရှို့လိမ့်မယ်” ဟု ယောဟန်ဟ ပြောအယ်။
အဲအချိန်တွင် လူလို့ဟ တောင်များဟို ‘ငါလို့ အပေါ်ဟို ပြိုလဲကျမန့်’ ဟူယွေ့ လည်းကောင်း၊ တောင်ကုန်းများအား ‘ငါလို့ဟို အုပ်ပလိပ်မန့်’ ဟု ခေါ်ကြလိမ့်မယ်။
ယေရှုနဲ့အတူ ပစ်မှုကျူးလွန်သူ နေယောက်ဟိုလည်း သတ်ဖို့ရန် ထုတ်သွားကြအယ်။
ငါနှိုက် မတည်သောသူဟ ခြောက်သွေ့သွားလဲ့ အကိုင်းအခက်လို အပြင်သို့ လောခြင်းဟို ခံရပင်း၊ လူလို့ဟ အဲအကိုင်းအခက်များဟို စုသိမ်းလျက် မီးထဲဟို လောလိုက်ကြသဖြင့် လောင်ကျွမ်းသွားအယ်။
အားပေမဲ့ ဆူးပင်နဲ့ ဆူးလေပင်များဟို ပေါက်စေရင် လုံးလုံး တန်ဖိုး မဆိတော့ဘဲ ဘုရားသခင်ရဲ့ ကျိန်ခြင်း ခံရလျက် နောက်ဆုံးနှိုက် မီးရှို့ခြင်း ခံရလိမ့်မယ်။
သူလို့ဟ နင်လို့နဲ့အတူ စားသောက်သောအခါ ဆှက်ကြောက်ခြင်း မဆိဘဲ မိမိလို့အတွက်သာ ဂရုစိုက်လျက် နင်လို့ရဲ့ မေတ္တာပွဲနှိုက် အစွန်းအထင်းများ ဖြစ်ကြအယ်။ သူလို့ဟ လေနှိုက်လွင့်ပါသွားသော မိုးယေမပါလဲ့ မိုးချေးသားများ၊ အမြစ်ပါမကျန် ဆွဲနုတ်ခံရယွေ့ နေကြိမ်သေလဲ့ အသီး မသီးသော ဆောင်းဦးကာလ သစ်ပင်များ၊