20 ပိလတ်မင်းဟ ယေရှုအား လွတ်ငြိမ်းချမ်းသာခွင့် ပေးချင်ယွေ့ လူအုပ်ကြီးအား တခါ တင်ပြလေအယ်။
ပိလတ်မင်းဟ တရားစီရင်ခြင်း ထိန်ခုံတွင် ထိန်နေခါ သူရဲ့ပေါင်အိုမဟ လူဟို စေလွှတ်ယွေ့ “အေးဖြောင့်မတ်သောသူနဲ့ ပတ်သက်ယွေ့ ပစာအရာဟိုမျှ မလုပ်ပါနဲ့။ ပစာကို့ ငါဟ မနေ့ည အိပ်မက်တွင် သူ့အတွက် စိတ်ဒုက္ခများစွာ ရောက်ရပါအယ်” ဟု ပြောစေအယ်။
လူအုပ်ဟို ကျေနပ်စေလိုသဖြင့်၊ ပိလတ်မင်းဟ သူလို့အား ဗာရဗ္ဗဟို လွှတ်ပေးလေအယ်။ သူဟ ယေရှုဟို ရိုက်နှက်စေယွေ့၊ လက်ဝါးကပ်တိုင်မှာ တင်ယွေ့သတ်ရန် လက်ဟို အပ်လိုက်အယ်။
အေးဗာရဗ္ဗမှာ မြို့နှိုက် ပုန်ကန်ခြင်း အပစ်၊ လူအသက်ဟို သတ်ခြင်း အပစ်ကျောန့် ထောင်ထဲကျနေသောသူ ဖြစ်လေအယ်။
အဲလိုလဲ သူလို့ဟ “သူ့ဟို လက်ဝါးကပ်တိုင်မှာ တင်မန့်၊ သူ့ဟို လက်ဝါးကပ်တိုင်မှာ တင်မန့်” ဟု အော်ဟစ်ကြအယ်။
ဟေသို့ ဖြေကြားခြင်းဟို ကြားသောအခါ ပိလတ်မင်းဟ ကိုယ်တော်ဟို လွတ်ငြိမ်းခွင့်ပေးရန် နည်းလမ်းဆှာကြံလေအယ်။ အဲလိုလဲ လူအုပ်ကြီးဟ “အဲသူအား လွတ်ငြိမ်းခွင့်ပေးသောသူဟ ကဲသာဘုရင်ရဲ့ မိတ်ဆွေ မဟုတ်ပီ၊ စသူမဆို မိမိကိုယ်ကို ဆှင်ဘုရင် ဟု ဆိုသူဟ ကဲသာဘုရင်ရဲ့ ရန်သူ ဖြစ်အယ်” ဟု ဟစ်အော်ကြအယ်။