45 ကိုယ်တော်ဟ ဆုတောင်းရာမှ ထယွေ့ တဘဲ့တော်လို့ ဆိရာဟို လဲ့ပြန်လာသောအခါ သူလို့ဟ ဝမ်းနည်း နုံးခွေယွေ့ အိပ်ပျော်နေကြတာဟို မျော်လေအယ်။
အေးနောက် ကိုယ်တော်ဟ တဘဲ့တော်လို့ဆေ ပြန်လာရာ အိပ်မွေ့လျက်နေကြတာဟို မျော်သဖြင့် “နင်လို့ဟ တနာရီမျှပင် ငါနဲ့အတူ စောင့်ယွေ့ မနေနိန်ကြသလော။
ကိုယ်တော် နောက်တကြိမ် ပြန်လာသောအခါ တဘဲ့တော်လို့ဟ မျက်စေ့လေးလံသဖြင့် အိပ်မွေ့လျက်နေကြတာဟို မျော်အယ်။
အဲပင်းရင် ကိုယ်တော်ဟ တဘဲ့တော်သုံးဦးလို့ ဆေဟို ပြန်လာရာ သူလို့ဟ အိပ်မွေ့လျက်နေကြတာဟို မျော်အယ်။ ကိုယ်တော်ဟ “ရှိမုန်၊ နင်ဟ အိပ်မွေ့နေသလော။ မအိပ်ဘဲ တနာရီလောက် စောင့်ယွေ့ မနေနိန်ဝူးလော” ဟု ပေတရုအား ပြောလေအယ်။
ကိုယ်တော်ဟ ပြင်းပြစွာ ဝေဒနာဟို ခံလျက်ပိုယွေ့ ကြိုးစား ဆုတောင်းလေအယ်၊ သူရဲ့ ချွေးထွက်နေပုံဟ သွေးစက်များသဖွယ် မြေပေါ်သို့ ကျလေအယ်။
ကိုယ်တော်ဟ “နင်လို့ဟ ပစာကို့ အိပ်မွေနေကြလုန်း။ ထကြလော့၊ စုံစမ်းသွေးဆောင်ရာဟို မလိုက်ပါစေရန် ဆုတောင်းကြလော့” ဟု ပြောလေအယ်။