36 ယေရှုဟ “အဲလိုလဲ အခု ပိတ်ဆန်အိတ်၊ လွယ်အိတ်ဆိရင် ယူခဲ့ကြ၊ ထားမဆိရင် အဝတ်ဟို ရောင်းယွေ့ ထားဟို ဝယ်ကြစေ။
လမ်းခရီးဖို့ ခရီးဆောင်လွယ်အိုက်၊ အင်္ကျီအပို အဲဟာမဟုတ်ရင် ဖိနပ် အဲဟာမဟုတ်ရင် တောင်ဝှေးလို့ဟို မယူကြနဲ့။ အလုပ်လုပ်သောသူအား သူလို့လိုအပ်တာဟို ပေးသင့်အယ်။
အဲပင်းရင် ယေရှုဟ “ငါဟ နင်လို့ဟို ပိတ်ဆန်အိတ်၊ လွယ်အိတ်နဲ့ ဖိနပ်ဟို မယူစေဘဲ စေလွှတ်သောအခါ နင်လို့တွင် တခုခု ချို့တဲ့ခဲ့သလား” ဟု သူ့တဘဲ့တော်လို့အား မေးအယ်။ သူလို့ဟ “မဆိပါ” ဟု ပြန်ဖြေကြအယ်။
နင်လို့ဟို ငါဆိုတာဟ ‘ရာဇဝတ် ကျူးလွန်သူများ စာရင်းတွင် ပါဝင်ရအယ်’ ဟူသော ကျမ်းစကားအတိုင်း ငါနှိုက် ဖြစ်ရမယ်။ ပစာကို့ ငါရဲ့ အကျောန်း ရေးသားထားလဲ့ ကျမ်းစကားအရ ဖြစ်ပျက်လျက် ဆိနေသောကျောန့် ဖြစ်အယ်” ဟု ပြောလေအယ်။
တဘဲ့တော်လို့ဟ “သခင်၊ ကျေ့မန့်။ ဟေမှာ ထားနေလက်ဆိပါအယ်” ဟု ပြောအယ်။ ကိုယ်တော်ဟ “တော်လောက်ပီ” ဟု ပြန်ပြောအယ်။
‘အစေခံဟ သခင်ထက် ကြီးမြတ်တာ မဟုတ်’ ဟု နင်လို့အား ငါပြောခဲ့တာဟို သတိရကြလော့။ သူလို့ဟ ငါ့ဟို ညှဉ်းဆဲရင် နင်လို့ဟိုလည်း ညှဉ်းဆဲကြလိမ့်မယ်၊ ငါ့စကားဟို နားထောင်ရင် နင်လို့ရဲ့ စကားဟိုလည်း နားထောင်ကြလိမ့်မယ်။
နင်လို့ဟ ငါ့ဟို အမှီပြုယွေ့ ငြိမ်သက်ခြင်း ဆိစေကြရန် ဟေစကားဟို ငါပြောပီ။ နင်လို့ဟ လောကနှိုက် ဆင်းရဲဒုက္ခဟို ခံရကြလိမ့်မယ်။ အဲလိုလဲ မစိုးရိမ်ကြနဲ့၊ ငါဟ လောကဟို အောန်ပီ” ဟု မိန့်အယ်။
ငါလို့ဟ နင်လို့နဲ့အတူ ဆိစဉ်ကာလကပင်၊ ငါလို့ဟ ညှဉ်းဆဲခြင်းဟို ခံရမယ်ဟု ကြိုပြောထားပင်း အေးဟာဟ အတိအကျ ဖြစ်ပျက်လာကျောန်း နင်လို့ ကောင်းစွာ သိကြအယ်။
ခရစ်တော်ဟ ကိုယ်ခန္ဓာနှိုက် အေးလို့ ဆင်းရဲဒုက္ခခံစားရတာ ဖြစ်ယွေ့ နင်လို့ဟလည်း အေးလို့သော သဘောထားမျိုးဟို လက်နက်အဖြစ် စွဲကိုင်ကြလော့။ ပစာကို့ ကိုယ်ကာယတွင် ဆင်းရဲဒုက္ခခံစားရသောသူဟ အပစ်နဲ့ ပြတ်စဲပီ ဖြစ်အယ်။