17 အဲပင်းရင် ယေရှုဟ ယေမုတ်ဟို ယူယွေ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းပင်းရင် “ဟေစပျစ်ယေမုတ်ဟို ယူယွေ့ အချင်းချင်း ဝေမျှယွေ့ သောက်ကြလော့။
ကိုယ်တော်ဟ လူအုပ်လို့ဟို မြက်ခင်းပေါ်တွင် ထိန်စေရန် အမိန့်ပေးနောက် မုန့်ငါးလုံးနဲ့ ငါးနေကောင်ဟို ယူယွေ့ ခေါန်းခင်ဟို မော်ကျေ့လျက် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းပင်း မုန့်များဟို ဖဲ့ယွေ့ တဘဲ့တော်လို့အား ပေးအယ်။ တဘဲ့တော်လို့ဟလည်း လူလို့အား ဝေပေးကြအယ်။
အဲပင်းရင် ကိုယ်တော်ဟ မုန့်ခုနေလုံးနဲ့ ငါးဟို ယူယွေ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းအယ်။ မုန့်နဲ့ ငါးဟို ဖဲ့ယွေ့ တဘဲ့တော်လို့အား ပေးအယ်။ သူလို့ဟလည်း လူအုပ်လို့အား ပေးဝေအယ်။
ယေရှုဟ သူလို့ စားလျက်နေစဉ် မုန့်ဟို ယူယွေ့ ကျေးဇူးတော်ဟို ချီးမွန်းပင်း မုန့်ဟိုဖဲ့ယွေ့ “ဟေမုန့်ဟ ငါရဲ့ ခန္ဓာကိုယ် ဖြစ်အယ်၊ ယူယွေ့ စားကြလော့” ဟု မိန့်ပင်းရင် တဘဲ့တော်လို့အား ပေးအယ်။
သူလို့ဟ စားနေကြစဉ်၊ ယေရှုဟ မုန့်ဟိုယူယွေ့၊ ကျေးဇူးတင်ကျောန်း ဆုတောင်းကာ၊ မုန့်ဟိုဖဲ့ယွေ့ တဘဲ့တော်လို့အား ပေးအယ်။ ကိုယ်တော်ဟ “ယူကြလော့၊ ဟေမုန့်ဟ ငါရဲ့ ခန္ဓာကိုယ် ဖြစ်အယ်” ဟု မိန့်အယ်။
အဲပင်းရင် ကိုယ်တော်ဟ မုန့်ဟို ယူယွေ့ ကျေးဇူးတော်ဟို ချီးမွန်းပင်းရင် မုန့်ဟို ဖဲ့ယွေ့၊ သူလို့အား ပေးအယ်၊ “ဟေမုန့်ဟ နင်လို့ဖို့ စွန့်သော ငါရဲ့ ခန္ဓာကိုယ် ဖြစ်အယ်။ ငါ့ဟို အောက်မေ့သတိရရန် ဟေသို့ပြုကြလော့” ဟု ပြောလေအယ်။
ယေရှုဟ မုန့်ငါးလုံးနဲ့ ငါးနေကောင်ဟို ယူပင်း ခေါန်းခင်ဟို မော့ကျေ့ယွေ့ သူလို့အတွက် ဘုရားသခင်ဟို ချီးမွန်းပင်း မုန့်ဟို ဖဲ့ယွေ့ လူလို့အား ဝေပေးဖို့ တဘဲ့တော်လို့ဟို ပေးအယ်။
နေ့ရက်ကို စောင့်ထိန်းသောသူဟ သခင်ဘုရားအတွက် စောင့်ထိန်းအယ်။ စားသောသူဟလည်း သခင်ဘုရားအတွက် စားအယ်။ အကျောန်းမှာ သူဟ ဘုရားသခင်ဟို ကျေးဇူးတင်အယ်၊ မစားသောသူဟလည်း သခင်ဘုရားအတွက် မစားဘဲ နေယွေ့ ဘုရားသခင်ဟို ကျေးဇူးတင်အယ်။
ငါလို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းယွေ့ ပွဲတော် မုတ်မှ စပျစ်ယေဟို သောက်ကြသောအခါ ခရစ်တော်ရဲ့ အသွေးတော်ဟို ဆက်ဆံသုံးဆောင်ကြအယ် မဟုတ်လော။ မုန့်ဟို စားသောအခါ ခရစ်တော်ရဲ့ ကိုယ်ခန္ဓာဟို ဆက်ဆံသုံးဆောင်ကြတာ မဟုတ်လော။
အကျောန်းမှာ သခင်ဘုရားဆေမှ ငါ ခံယူရဆိသောအရာဟို နင်လို့အား ငါ ပေးအပ်အယ်။ ဟေအရာမှာ သခင် ယေရှုဟ သူ့ဟို အပ်နှံခြင်း ခံရသော ညနှိုက် မုန့်ဟို ယူယွေ့၊