27 အဲအခါ မိုးချေးသားဟို စီးယွေ့ ကြီးစွာသော ဘုန်းတန်ခိုးဟို ဆောင်လျက် လူသားကြွလာတာဟို မျော်ရလိမ့်မယ်။
အဲပင်းရင် လူသားရဲ့ နိမိတ်လက္ခဏာဟ မိုးခေါန်းခင်တွင် ပေါ်ထွန်းလာလိမ့်မယ်။ မိုးချေးသားဟိုစီးလျက် ကြီးသောဘုန်းတန်ခိုးတော်ဖြင့် လူသားကြွလာတာဟို မြေကြီးပေါ်ဆိ လူအပေါင်းလို့ဟ မျော်ကြသောအခါ ငိုကြွေးမြည်တမ်း ကြလိမ့်မယ်။
“လူသားဟ ခေါန်းခင်တမန် အပေါင်းခြံရံလျက် ဘုရင်အဖြစ် ကြွလာသောအခါ ဘုန်းဆိသော ပလ္လင်ပေါ်နှိုက် ထိန်လိမ့်မယ်။
ယေရှုဟ “နင်ဟောသည် အတိုင်းမန်ပေမဲ့ နင်လို့အား ငါပြောတာဟ နောင်အခါတွင် လူသားဟ အနတ္တတန်ခိုးဆှင်ရဲ့ လက်ယာဘက်တွင် ထိန်လျက်နေတာဟိုလည်းကောင်း၊ ခေါန်းခင် မိုးချေးသားဟို စီးယွေ့ ကြွလာတာဟို လည်းကောင်း နင်လို့ မျော်ရကြမယ်” ဟု မိန့်အယ်။
အဲအခါ လူသားဟ ကြီးစွာသော တန်ခိုးတော်နဲ့ ဘုန်းအသရေလို့ဖြင့် မိုးချေးသားများထဲမှ ကြွလာလိမ့်မယ်။
လူလို့ဟ ကမ္ဘာပေါ်တွင် ဖြစ်လာလိမ့်မယ်ဖြစ်သော ဘေးများဟို တွေးမျော်ယွေ့ ကြောက်လန့်ကာ မူးဝေကြလိမ့်မယ်၊ အံ့ဖွယ်သော ခေါန်းခင်နက္ခတ်တာရာလို့ဟ တုန်လှုပ်ကြလိမ့်မယ်။
ကျေ့လော့။ ကိုယ်တော်ဟ မိုးချေးသားများဖြင့် ကြွလာအယ်။ အဲအခါ ကိုယ်တော်ဟို ထိုးဖောက်ခဲ့သူလို့မှ စယွေ့ လူအပေါင်းလို့ဟ မိမိလို့ မျက်စေ့ဖြင့် ကိုယ်တော်ဟို တွေ့မျော်ရကြလိမ့်မယ် ကမ္ဘာမြေကြီးပေါ်ဆိ လူမျိုးနွယ်စုအားလုံးဟ ကိုယ်တော်ကျောန့် ရင်ဘတ်စည်တီးလျက် မြည်တမ်းကြလိမ့်မယ်။ အာမင်။
တဖန် ငါကျေ့လိုက်ရာ ဖြူသောမိုးချေးသား ဆိယွေ့ အဲမိုးချေးသားပေါ်တွင် ဦးခေါင်းပေါ်နှိုက် ဆွေသရဖူဟို ဆောင်းလျက် လက်နှိုက် ထက်သောတန်းစဉ်ဟို ကိုင်ထားလဲ့ လူသားနဲ့တူသော သူတဦး ထိန်နေအယ်။