26 လူလို့ဟ ကမ္ဘာပေါ်တွင် ဖြစ်လာလိမ့်မယ်ဖြစ်သော ဘေးများဟို တွေးမျော်ယွေ့ ကြောက်လန့်ကာ မူးဝေကြလိမ့်မယ်၊ အံ့ဖွယ်သော ခေါန်းခင်နက္ခတ်တာရာလို့ဟ တုန်လှုပ်ကြလိမ့်မယ်။
“အေးနေ့ရက်ရဲ့ ဆင်းရဲဒုက္ခများ ကျရောက်လာပင်းနောက် ခုတုံးပင် နေဟ မိုက်သွားလိမ့်မယ်။ လဟ အလင်းရောင်ပေးလိမ့်မယ် မဟုတ်၊ ကြယ်များဟလည်း ခေါန်းခင်မှ ကြွေလိမ့်မယ်။ ခေါန်းခင်လည်း တုန်လှုပ်ကြလိမ့်မယ်။
ကြယ်များဟ ခေါန်းခင်မှ ကြွေကျလိမ့်မယ်၊ ခေါန်းခင် နက္ခတ်များဟလည်း လမ်းကြောင်းပြောင်းလိမ့်မယ်။
“အဲအခါ နေ၊ လ၊ ကြယ်နက္ခတ်လို့နှိုက် ထူးဆန်းသော နိမိတ်များ ထင်ဆှားလိမ့်မယ်။ ကမ္ဘာပေါ်တွင် လူမျိုးအပေါင်းလို့ဟ ပင်လယ်လှိုင်းတံပိုးကြီးခြင်းကျောန့် ကြောက်ရွံ့စိတ်ပျက်ကြလိမ့်မယ်။
အဲအခါ မိုးချေးသားဟို စီးယွေ့ ကြီးစွာသော ဘုန်းတန်ခိုးဟို ဆောင်လျက် လူသားကြွလာတာဟို မျော်ရလိမ့်မယ်။