39 အဲအခါ ပရိသတ်အထဲမှ ဖာရိရှဲအချို့လို့ဟ “ဆရာ၊ ကိုယ်တော်ရဲ့ တဘဲ့တော်များအား တိတ်တိတ်နေရန် ဆုံးမပေးပါ” ဟု ပြောကြအယ်။
အဲပင်းရင် ဟေရုဒ်မင်းကြီးဟ နတ်က္ခပညာဆှင်လို့ဟို တိတ်တိတ်လေးခေါ်ပင်း မေးမြန်းရာတွင် သူလို့ဆေမှ ကြယ်ပေါ်ထွန်းသော အချိန်ကာလဟို အတိအကျ သိဆိသွားအယ်။
“သူတော်ကောင်းဟန်ဆောင်သူ ဖာရိရှဲနဲ့ ကျမ်းတတ်ဆရာလို့၊ နင်လို့ဟ အမင်္ဂလာ ဆိကြအယ်။ အကျောန်းမှာ နင်လို့ဟ ခေါန်းခင်နိုင်ငံတော်ဟို လူလို့ဆေ့နှိုက် ထင်ခါး ပိတ်ထားယွေ့ နင်လို့ တတ်တိုင်းလည်း မဝင်၊ ဝင်ရန် ကြိုးစားသူများဟိုလည်း ဝင်ခွင့် မပြုကြ။
အဲကျောန့် ယဇ်ပုရောဟိတ်ကြီးလို့ဟ လာဇရုဟိုလည်း သတ်ရန် တိုင်ပင်ကြခြင်းမှာ၊
ဖာရိရှဲလို့ဟ “ငါလို့မှာ လုံးဝအောန်မြင်မှု မဆိ။ ကျေ့မန့်၊ ဟေလောကတခုလုံးပင် အဲသူနောက်ဟို လိုက်သွားကြပီ” ဟု အချင်းချင်း ပြောဆိုကြအယ်။
အဲဟာမဟုတ်ရင် ကျမ်းစာဟ “ကိုယ်တော်သည် ငါလို့နှိုက် ကိန်းဝပ်စေသော ဝိညာဉ်တော်ဟို သဝန်တိုသော သဘောဖြင့် တောင့်တအယ်” ဟု အကျောန်းမဲ့ဆိုထားအယ်ဟု နင်လို့ ထင်ကြသလော။