9 မိမိလို့တတ်တိုင်း သူတော်ကောင်းဟု ယုံကြည်ကာ သူတပါးလို့ဟို အထင်မြင်သေးတတ်သူ လူတချို့လို့အား ယေရှုဟ ဥပမာဖြင့် ပြောတာဟ၊
အဲလိုလဲ ကျမ်းတတ်ဆရာဟ သူတတ်တိုင်း အပစ်မဆိကျောန်း သက်သေပြလိုသောစိတ်နဲ့ ယေရှုဟို “ငါရဲ့ အိုင်နီးချင်းဟ စသူလုန်း” ဟု မေးအယ်။
ဖာရိရှဲများနဲ့ ကျမ်းတတ်ဆရာများဟ “ဟေသူဟ အပယ်ခံရသူများဟို ကြိုဆိုပင်း သူလို့နဲ့အတူတူပင် စားသောက်နေအယ်” ဟု စတင် ငြီးတွားကြအယ်။
ယေရှုဟ အေးသူလို့အား၊ “နင်လို့ဟ လူလို့ဆေ့မှာ မိမိတတ်တိုင်း ဖြောင့်မတ်ကျောန်း ဖော်ပြတတ်သူများ ဖြစ်ကြအယ်၊ အဲလိုလဲ ဘုရားသခင်ဟ နင်လို့ရဲ့ စိတ်နေလုံးဟို သိဆိအယ်။ လူလို့ အမြတ်တနိုးထားသောအရာဟ ဘုရားသခင်ရဲ့ ဆေ့နှိုက် စက်ဆုပ်ဖွယ် ဖြစ်အယ်။
ဖာရိရှဲဟ တယောက်တည်းရပ်လျက် ‘အို ဘုရားသခင်၊ ငါဟ အခြားသူများလို လောဘကြီးခြင်း၊ မရိုးသားခြင်း၊ သူ့မယားဟို ပစ်မားသောသူ မဟုတ်လဲ့အပြင် ဟေအခွန်ခံလို မဟုတ်သောကျောန့် ကျေးဇူးတင်ပါအယ်။
ဟေအခြင်းအရာဟို မျော်သောအခါ လူလို့ဟ “ဟေသူဟ ဆိုးသွမ်းသော သူတယောက်ရဲ့ အိုင်တွင် တည်းခိုရန် သွားပါအယ် ဟုတ်မောင့်လဲ့” ဟု စတင်ပင်း ကဲ့ရဲ့အပစ်တင်ကြအယ်။
ဖာရိရှဲဟ အေးအရာဟို မျော်သောအခါ “ဟေသူဟ ပရောဖက်မန်လျှင် ခြေထောက်ဟို ကိုင်သော ဟေမိန်းမဟ စသူဖြစ်တာဟို သိလိမ့်မယ်။ စလို အပစ်နဲ့ပြေ့ပင်း အသက်ဆှင်နေလဲ့ မိန်းမဖြစ်အယ်ဟို သိလိမ့်မယ်” ဟု သူ့တတ်တိုင်း ပြောအယ်။
ယုဒလူလို့ဟ ယေရှုအား “နင်ဟ ရှမာရိလူဖြစ်ပင်း နတ်ဆိုးစွဲနေတာဟု ငါလို့ပြောသောစကားဟ အမန် မဟုတ်လော” ဟု ပြန်ဖြေအယ်။
အေးသူလို့ဟ သူ့အား ကဲ့ရဲ့ပင်း “နင်ဟ သူ့တဘဲ့ ဖြစ်အယ်၊ အဲလိုလဲ ငါလို့ဟတော့ မောရှေရဲ့ တဘဲ့များ ဖြစ်အယ်ဟု ပြောအယ်။
အေးသူလို့ဟလည်း “နင်ဟ မွေးစဟပင် တကိုယ်လုံးနှိုက် ဒုစရိုက်အပစ်စွဲသောသူဖြစ်ပင်း ငါလို့ဟို သွန်သင်ဖို့ ကြိုးစားနေတာလား” ဟု ဆိုပင်း တရားဇရပ်မှ နှင်ထုတ်လိုက်ကြအယ်။
အဆှင်ဟ ‘သွားလော့၊ ရပ်ဝေးဆိ လူမျိုးခြားလို့ဆေ နင့်ဟို ငါ စေလွှတ်လိမ့်မယ်’ ဟု ငါ့ဟို ပြောခဲ့အယ်။”
အေးသူလို့ဟ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းတရားဟို မသိဘဲ၊ ကိုယ့်ဖြောင့်မတ်ခြင်းဟို တည်စေခြင်းငှာ ဆှာကြံသောကျောန့်၊ သူလို့ဟ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်း တရားဟို ဝန်မခံကြ။
အေးကျောန့် နင်လို့ဟ ပစာကျောန့် နင်လို့ရဲ့ ညီအကို မောင်နှမလို့ဟို စစ်ကြောစီရင်လုန်း။ သူလို့ဟို ပစာကျောန့် မထီမဲ့မြင်ပြုလုန်း။ ငါလို့ဆိသမျှဟ ဘုရားသခင် တရားစီရင်ခြင်းဟို ခံရမယ်။
ပစာအရာဟို မဆို စားသောသူဟ မစားသောသူဟို မထီမဲ့မြင်မပြုစေနဲ့၊ ဟင်းသီးဟင်းရွက်သာ စားတတ်သောသူဟလည်း ပစာအစားအစာဟို မဆို စားတတ်သောသူဟို တရားစီရင်မှု မလုပ်နဲ့၊ အဲလိုလူဟို ဘုရားသခင် လက်ခံအယ်။
ငါတတ်တိုင်း ပညတ်တရားရဲ့ ဆိတ်ကွယ်ရာအရပ်မှာ အသက်ဆှင်ခဲ့အယ်။ အဲလိုလဲ ပညတ်တရား ပေါ်လာသောအခါ အပစ်တရားဟ ဆှင်ပြန်ပင်း၊