23 သခင်ဟ သူ့အစေခံအား ‘လမ်းမများနဲ့ ကျေးလက် တောရွာများသို့ သွားယွေ့ ငါ့နေအိုင် ပြေ့အောန် လူများဟို မရမက ခေါ်သွင်းခဲ့လိုက်။
“အဲလိုမို့ နင်လို့အား ငါပြောတာဟ၊ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို နင်လို့ ဆေမှ ရုပ်သိမ်းယွေ့ နိုင်ငံတော်ရဲ့ အသီးဟို လူအပေါင်းအား ပေးလိမ့်မယ်” ဟု ဆိုအယ်။
နင့်အား တစုံတယောက်ဟ အနိန်အထက်ပြုယွေ့ ခရီးတမိုင် သွားစေရင်၊ သူနဲ့အတူ ခရီးနေမိုင် သွားလော့။
ခဏကြာပင်း အစေခံဟ ပြန်ရောက်လာယွေ့ ‘ဆရာ ခိုင်းလဲ့အတိုင်း ဆောင်ရွက်ပီးပါပီ၊ အဲလိုလဲ နေရာလပ်များ ဆိပါသေးအယ်’ ဟု ပြောအယ်။
အရင်ဟ ဖိတ်ကြားထားသူ တဦးမျှ ငါရဲ့ ညနေစာ ဧည့်ခံပွဲဟို ပေးမဝင်နဲ့ဟု နင်လို့ဟို ငါပြောအယ်’ ” ဟု ပြောလေအယ်။
အဲလိုလဲ သူလို့ဟ “မိုးချုပ်ခါနီးယွေ့ တနေ့တာလည်း ကုန်လုနီးပီ ဖြစ်သောကျောန့် တို့နဲ့ နေမန့်” ဟုဆိုယွေ့ ကိုယ်တော်ဟို ဖိတ်ခေါ်ကြအယ်။ ကိုယ်တော်ဟ သူလို့နဲ့အတူ တည်းရန် လိုက်သွားလေအယ်။
အေးမိန်းမဟ သူနဲ့ နေအိုင်သူအိုင်သားလို့ နှစ်ခြင်း ခံပင်းသောအခါ သူဟ ငါလို့အား သူရဲ့နေအိုင်ဟို ဖိတ်ခေါ်အယ်။ “ငါဟ ဘုရားသခင်ဟို ယုံကြည်သူဖြစ်အယ်လို့ နင်လို့ ယူဆရင် ငါရဲ့ နေအိုင်ဟို လာရောက်တည်းခိုကြပါ” လို့ ငါလို့အား မရမက ဖိတ်ခေါ်လေအယ်။
ယုဒလူလို့ဟ သူ့ဟို မကောင်းသောအရာများ အကျောန်းဟို ပြောဆိုသောအခါ၊ ပေါလုဟ မိမိအဝတ်မှ ဖုန်များဟို ပုတ်ချယွေ့ သူလို့အား “နင်လို့ သေကြေပျက်စီးကြရင် နင်လို့ရဲ့ တာဝန်ပင် ဖြစ်အယ်၊ ငါ့မှာ တာဝန် မဆိတော့ပီ။ အခုမှစယွေ့ ငါဟ လူမျိုးခြားလို့ဆေ သွားတော့မယ်” ဟု ဆိုအယ်။
ပေါလုဟ အဆုံးသတ်အနေနဲ့ “ဘုရားသခင်ရဲ့ ကယ်တင်ခြင်း သတင်းစကားဟို လူမျိုးခြားလို့ ကြားနာရန် ဟောပြောမဲ့ သူလို့ဟို စေလွှတ်ပီဖြစ်ယွေ့ သူလို့ဟ ကြားနာကြလိမ့်မယ်ဖြစ်ကျောန်း နင်လို့ သိမှတ်ကြလော” လို့ ဆိုအယ်။
အဲလိုလဲ သခင်ဘုရားဟ အာနနိအား “သွားလော့၊ ဟေလူဟ လူမျိုးခြားများ၊ ဘုရင်များနဲ့ ဣသရေလအမျိုးသားလို့အား ငါရဲ့ နာမဟို ကြေညာရန် ငါ ရွေးချယ်ထားသော တန်ဆာပလာ ဖြစ်အယ်။
အဲလိုလဲ သူလို့ ကြားဝူးလားလို့ ငါ မေးအယ်။ သူလို့ ကြားရကြပီ။ “သူလို့ရဲ့ အသံဟ မြေတပြင်လုံးနှိုက် ပျံ့နှံ့သွားအယ်။ သူလို့ရဲ့ စကားများဟလည်း ကမ္ဘာအဆုံးထိအောန် ရောက်လေပီ”
ငါလို့ဟ ပစာကျောန့် သခင်ဘုရားအား ကြောက်ရွံ့ရကျောန်းဟို သိသဖြင့်၊ လူလို့အား စည်းရုံးသိမ်းသွင်းအယ်။ ငါလို့ရဲ့အကျောန်းဟို ဘုရားသခင်ဟ အကြွင်းမဲ့ သိအယ်၊ နင်လို့ဟလည်း ဩတ္တပ္ပစိတ်ထဲဟ ငါ့အကျောန်းဟို သိကြလိမ့်မယ်ဟု ငါ မျော်လင့်အယ်။
အဲကျောန့် ဘုရားသခင်ဟ ငါလို့မှတဆင့် တိုက်တွန်းတာဖြစ်ယွေ့ ငါလို့ဟ ခရစ်တော်ရဲ့ သံတမန်များ ဖြစ်ကြအယ်။ အဲကျောန့် “ဘုရားသခင်နဲ့ ပြန်လည်သင့်မြတ်ကြလော” ဟု ခရစ်တော်ရဲ့ ကိုယ်စား ငါလို့ တောင်းပန်အယ်။
ငါလို့ဟ ဘုရားသခင်ရဲ့ လုပ်ဖော်ဆောင်ဖက်များ ဖြစ်ကြတာနဲ့အညီ နင်လို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို အလကားကား မခံယူကြနဲ့ဟု နင်လို့အား တိုက်တွန်းနှိုးဆော်အယ်။
အဲလိုမို့ နင်လို့ဟ မိမိလို့ရဲ့ ယုံကြည်ခြင်းဟို အုတ်မြစ်လို ခိုင်မာစေရန် ဆက်လက် ထိန်းသိမ်းရကြမယ်၊ နင်လို့ဟ ဧဝံဂေလိတရားဟို ကြားသိရသောအခါ ရဆိခဲ့သော မျော်လင့်ခြင်းမှ နင်လို့တတ်တိုင်း မယိမ်းယိုင်စေနဲ့။ ကမ္ဘာအနှံ့အပြားသို့ ဟောပြောရန်ဖြစ်သော အဲဧဝံဂေလိတရားအတွက် အစေခံဟ ငါ ပေါလုပင် ဖြစ်အယ်။
အဲလိုမို့ ငါလို့ဟ လူအပေါင်းလို့အား ခရစ်တော်ရဲ့ အကျောန်းဟို ဟောပြောကြအယ်။ လူတိုင်းအား ရင့်ကျက်သူအဖြစ်ဖြင့် ဘုရားသခင်ရဲ့ ဆေ့မှောက်သို့ ရောက်ဆိရန် ပို့ဆောင်နိန်ခြင်းငှာ ငါလို့ဟ ဉာဏ်ပညာဆိသမျှဖြင့် လူတိုင်းဟို သတိပေး သွန်သင်ကြအယ်။
နှုတ်ကပတ်တော်ဟို ဟောပြောလော့၊ အချိန်ဆိတာ ဖြစ်စေ၊ မဆိတာ ဖြစ်စေ၊ ကြိုးစားအားထုတ်လော့၊ အပစ်ဟို ဖော်ပြလော့၊ ဆုံးမခြင်းဟို ပြုလော့၊ ရမ်းဆာ့ဆှည်သောစိတ်နဲ့ ဩဝါဒမျိုးဟို ပေးယွေ့ တိုက်တွန်းနှိုးဆော်လော့။