29 လူများဟ အဆေ့၊ အနောက်၊ တောင်နဲ့ မြောက် အရပ်လေးမျက်နှာမှ လာယွေ့ ဘုရားသခင်ရဲ့ နိုင်ငံတော်တွင် ပွဲဝင်ကြလိမ့်မယ်။
နင်လို့အား အမန်အကန် ငါပြောတာဟ ရမ်းဆာ့သောလူလို့ဟ အဆေ့အရပ်နဲ့ အနောက်အရပ်မှ လာယွေ့ ခေါန်းခင်နိုင်ငံတော်တွင် အာဗြဟံ၊ ဣဇက်၊ ယာကုပ်လို့နဲ့အတူ ထိန်ပင်း စားသောက်ကြလိမ့်မယ်။
လူသားဟ မြေကြီးစွန်းမှ ခေါန်းခင်စွန်းတိုင်အောန် ဘုရားသခင် ရွေးချယ်ထားသော လူများဟို စုသိမ်းရန် အရပ်လေးမျက်နှာသို့ ခေါန်းခင်တမန်များဟို စေလွှတ်မယ်။
အဲအခါ အခု နောက်ဆုံးဟို ရောက်ဆိနေသူလို့ဟ ဆေ့ဆုံးဟို ရောက်ကြပင်းရင်၊ အခု ဆေ့ဆုံးဟို ရောက်ဆိနေသူလို့မှာ နောက်ဆုံးသို့ ရောက်ရကြလိမ့်မယ်” ဟု ပြောလေအယ်။
ပေါလုဟ အဆုံးသတ်အနေနဲ့ “ဘုရားသခင်ရဲ့ ကယ်တင်ခြင်း သတင်းစကားဟို လူမျိုးခြားလို့ ကြားနာရန် ဟောပြောမဲ့ သူလို့ဟို စေလွှတ်ပီဖြစ်ယွေ့ သူလို့ဟ ကြားနာကြလိမ့်မယ်ဖြစ်ကျောန်း နင်လို့ သိမှတ်ကြလော” လို့ ဆိုအယ်။
အဲလိုမို့ နင်လို့ဟ မိမိလို့ရဲ့ ယုံကြည်ခြင်းဟို အုတ်မြစ်လို ခိုင်မာစေရန် ဆက်လက် ထိန်းသိမ်းရကြမယ်၊ နင်လို့ဟ ဧဝံဂေလိတရားဟို ကြားသိရသောအခါ ရဆိခဲ့သော မျော်လင့်ခြင်းမှ နင်လို့တတ်တိုင်း မယိမ်းယိုင်စေနဲ့။ ကမ္ဘာအနှံ့အပြားသို့ ဟောပြောရန်ဖြစ်သော အဲဧဝံဂေလိတရားအတွက် အစေခံဟ ငါ ပေါလုပင် ဖြစ်အယ်။
နင်လို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်အကျောန်းဟို အမန်သိမျော် ခံစားရတာနဲ့မျှ သတင်းကောင်းဟ နင်လို့ဆေဟို ပျံ့နှံ့ယွေ့ လာအယ်။ အဲတိုင်းတိုင်း သတင်းကောင်းဟ ကမ္ဘာတဝန်းလုံးသို့ ပျံ့နှံ့ယွေ့ ကောင်းချီးမင်္ဂလာများ ခံစားလျက် ဆိအယ်။