35 “ပစာဖြစ်ဖြစ် အဆင်သင့်လာဖို့ ဝတ်စုံများဟို ဝတ်ဆင်လျက် မီးဖူးများဟို နင်လို့နဲ့အတူ ထွန်းထားကြလော့။
“အေးကာလနှိုက် ခေါန်းခင်နိုင်ငံတော်ဟ မီးဖူးများဟို ယူယွေ့ မင်္ဂလာဆောင်သတို့သားဟို ကြိုဆိုရန် ထွက်သွားလဲ့ အပျိုကညာဆယ်ယောက်လို့နဲ့ တူလိမ့်မယ်။
အေးတိုင်းတိုင်း လူလို့ဟ နင်လို့ရဲ့ ကောင်းသောအကျင့်ဟို မျော်ယွေ့ ခေါန်းခင်ဘုံနှိုက်ဆိသော နင်လို့အဖရဲ့ ဂုဏ်တော်ဟို ချီးမွန်းစေရန် နင်လို့ရဲ့ အလင်းဟို လူလို့ရဲ့ ဆေ့မှာ ထွန်းလင်းစေကြလော့။
မင်္ဂလာဆောင်ပွဲမှ ပြန်လာသော မိမိလို့ရဲ့ သခင်ဟို စောင့်နေသော အစေခံကျွန်လိုမျိုး ဖြစ်ကြလော့။ အဲသူလို့ဟ သခင် ပြန်လာပင်း ထင်ခါးဟို ခေါက်ရင် ခုတုံး ထင်ခါးဟို ဖွင့်ပေးကြအယ်။
အေးကျောန့် သမ္မာတရားဖြင့် နင်လို့ဟ ခါးဟိုစည်းလျက် ဖြောင့်မတ်ခြင်း ရင်အုပ်တန်ဆာဟို ဝတ်ဆင်ကာ အသင့်နေကြလော့။
အဲမှသာလျှင် အပစ်တင်ခွင့်မဆိ၊ စသူဟိုမျှ မပစ်မားဘဲနေယွေ့ မဖြောင့်မမန် ဖောက်ပြန်သော လူသားမျိုးနွယ်အထဲနှိုက် ပစာအပစ်မျှ မပါဘဲ ဘုရားသခင်ရဲ့ သား ဖြစ်ကြလိမ့်မယ်။ အသက်ဆှင်ခြင်းနဲ့ဆိုင်သော နှုတ်ကပတ်တရားဟို ပြသသလို၊
အေးကျောန့် လုပ်ဆောင်ချက်အတွက် စိတ်ဟို ပြင်ဆင်ထားကြလော့။ နိုးနိုးကြားကြားဆိယွေ့ ယေရှု ခရစ်တော် ပေါ်ထွန်းလာသောအခါ နင်လို့အား ပေးမဲ့ ကောင်းချီးအပေါ် မျှော်လင့်ချက် အပြေ့ထားကြလော့။