47 နင်လို့အတွက် စလောက်ကြောက်ဖို့ ကောင်းကျောန်း၊ အကျောန်းမှာ နင်ဖိုးဖေးများ သတ်ဟားလဲ့ ပရောဖက်များအတွက် လုတ်တိုင်းဂူများဟို ဆောက်ပေးနေကြစာရီးမို့ ဖြစ်အယ်။
“သူတော်ကောင်းဟန်ဆောင်သူ ကျမ်းတတ်ဆရာနဲ့ ဖာရိရှဲလို့၊ နင်လို့ဟ အမင်္ဂလာဆိကြအယ်။ အကျောန်းမှာ နင်လို့ဟ ထုံးဖြူသုတ်သော လုတ်တိုင်းဂူများနဲ့ တူကြအယ်။ အေးဂူလို့ဟ အပြင်ပန်းအားဖြင့် လှသော်လည်း အထဲနှိုက်မှာတော့ လူသေအရိုးနဲ့ ပုပ်နေသော အလောင်းကောင်လို့ဖြင့် ပြည့်လျက်ဆိကြအယ်။
နင်လို့ရဲ့ ဖိုးဖေးများ ကျူးလွန်ခဲ့လဲ့ အမှုများတွင် နင်လို့ဟ သက်သေဖြစ်ကြအယ်။ ဖိုးဖေးများဟ ပရောဖက်များဟို သတ်ယွေ့ နင်လို့ဟ လုတ်တိုင်းများဟို ဆောက်ပေးနေကြအယ်။
“နင်လို့ဟ စလောက် ခေါင်းမာကြလုန်း” ဟု သတေဖန်ဟ ဆက်ပြောအယ်။ “နင်လို့ဟ ဘုရားသခင်ရဲ့ တရားစကားဟို နားထောင်ရန် နင်လို့ စိတ်နေလုံးလို့ စလောက် ခိုင်မာကြလုန်း၊ နင်လို့ဟ မိမိလို့ ဖိုးဖေးများလိုမျိုး သန့်ဆှင်းသော ဝိညာဉ်တော်ဟို အမြဲတမ်း ဆန့်ကျင်ဖက်ပြု ကြအယ်။
သခင် ယေရှုနဲ့ ပရောဖက်လို့ကို သတ်ယွေ့ ငါလို့ဟိုလည်း ညှဉ်းဆဲကြအယ်။ သူလို့ဟ ဘုရားသခင်ဟို စလောက် စိတ်ပျက်စေသလဲ၊ လူတိုင်းအပေါ် စလောက် ရန်လိုနေကြသလဲ၊