39 အဲလိုမို့ သခင်ဟ “ဖာရိရှဲဖြစ်လဲ့ နင်လို့ဟာ ပန်းကန်၊ ခွက်ယောက်များရဲ့ ပြင်ပဟို သန့်ဆှင်းတတ်ကြအယ်။ အဲလိုလဲ နင်လို့စိတ်ထဲတွင် အကြမ်းဖက်မှု၊ ဆိုးညစ်မှုများနဲ့ ပြေ့နေကြအယ်။
အကျောန်းမှာ မကောင်းသော တွေးတောကြံစည်မှုများ၊ လူ့အသက်ဟို သတ်ခြင်း၊ အိုင်ထောင်ရေး ဖောက်ပြန်ခြင်း၊ ကာမဂုဏ်လိုက်စားခြင်း၊ သူ့ဥစ္စာဟို ခိုးခြင်း၊ လိမ်လည်ခြင်း၊ သူ့အသရေဟို ဖျက်ခြင်း အစဆိသည့် စုတ်ပဲ့လဲ့ အကြံအစည်များဟ စိတ်နေလုံးထဲမှ ထွက်လာအယ်။
“မားသောပရောဖက်လို့ဟို သတိထားကြလော့။ သူလို့ဟ သိုးရေခြုံလျက် နင်လို့ဆေဟို လာပေမဲ့လည်း အတွင်းစိတ်ဟ ရက်စက်သော ဝံပုလွေလိုမျိုး ဖြစ်ကြအယ်။
ယေရှုဟ အေးသူလို့အား၊ “နင်လို့ဟ လူလို့ဆေ့မှာ မိမိတတ်တိုင်း ဖြောင့်မတ်ကျောန်း ဖော်ပြတတ်သူများ ဖြစ်ကြအယ်၊ အဲလိုလဲ ဘုရားသခင်ဟ နင်လို့ရဲ့ စိတ်နေလုံးဟို သိဆိအယ်။ လူလို့ အမြတ်တနိုးထားသောအရာဟ ဘုရားသခင်ရဲ့ ဆေ့နှိုက် စက်ဆုပ်ဖွယ် ဖြစ်အယ်။
ကိုယ်တော်ဟ အေးမိန်းမဟို မျော်သောအခါ သနားခြင်းစိတ်နဲ့ ပြေ့သဖြင့် “မငိုနဲ့” ဟု သူမဟို မိန့်အယ်။
သခင့်ဆေဟို စေလွှတ်ပင်း “ကိုယ်တော်ဟ ယောဟန်ပြောတဲ့ ကြွလာသောသူလော၊ အဲဟာမဟုတ်ရင် တခြားတယောက်ဟို စောင့်မျော်ရမယ်လော” ဟု မေးဆှောက်စေအယ်။
ဟေလိုပြောရာနှိုက် သူဟ ဆင်းရဲသောသူလို့အား သနားကြင်နာသောကျောန့် မဟုတ်ဘဲ၊ သူဟ သူခိုးသောကျောန့် ဖြစ်အယ်။ သူဟ ပိတ်ဆန်အိတ်ဟို သယ်ရသောသူဖြစ်ယွေ့ အဲအိတ်ထဲမှ ပိတ်ဆန်အချို့ဟို သူ့တတ်တိုင်းအတွက် ခိုးယူသုံးစွဲလေ့ ဆိအယ်။
ယေရှုနဲ့ သူ့တဘဲ့တော်လို့ဟ ညစာစားလျက် နေအယ်။ ကိုယ်တော်ဟို သစ္စာဖောက်မဲ့အကျောန်း မာရ်နတ်ဟ ရှိမုန် ရှကာရုတ်ရဲ့သား ယုဒ စိတ်နေလုံးနှိုက် အကြံပေးထားပင်း ဖြစ်အယ်။
ပေတရုဟ သူ့အား “အာနနိ၊ နင်ဟ လယ်ရောင်းရလဲ့ ပိတ်ဆန် အချို့တဝက်ဟို မိမိအဖို့ ဖယ်ထားခြင်းအားဖြင့် သန့်ဆှင်းသော ဝိညာဉ်တော်ဟို ဝါပင်း စာတန်အား ပစာကျောန့် နင့်ရဲ့ စိတ်နေလုံးဟို စိုးမိုးခွင့်ပေးလုန်း။
ငါဟ ယုဒဘာသာတရားနှိုက် ငါလူမျိုးထဲဆိ သက်တူရွယ်တူများထက် ပိုယွေ့ ငါလို့ဖိုးဖေးလို့ရဲ့ စလေ့ထုံးတမ်းများနဲ့ ပတ်သက်ယွေ့ ရမ်းဆာ့ စိတ်အားထက်သန်ခဲ့တာဟိုလည်း နင်လို့ ကြားသိထားအယ်။
ဘုရားဝတ်နှိုက် မွေ့လျော်ဟန်ဆိသော်လည်း ဘုရားဝတ်နှိုက် မွေ့လျော်ခြင်းရဲ့ တန်ခိုးဟို ငြင်းပယ်သောသူများ ဖြစ်ကြလိမ့်မယ်။ အဲသူလို့ဟို ဆှောင်လော့။
သန့်ဆှင်းသော သူလို့အတွက် ခပ်သိမ်းသောအရာလို့ဟ သန့်ဆှင်းကြအယ်။ အဲလိုလဲ ညစ်ညူးယွေ့ ယုံကြည်ခြင်း မဆိသော သူလို့အတွက်ဟ စလိုအရာမှ မသန့်ဆှင်းတာ သာမက သူလို့ရဲ့ စိတ်နေလုံးနဲ့ အသိစိတ်လို့ဟလည်း ညစ်ညူးကြအယ်။
ဘုရားသခင်ဆေဟို ချဉ်းကပ်ကြလော့။ အဲလိုပြုရင် ကိုယ်တော်ဟ နင်လို့ဆေ ချဉ်းကပ်လိမ့်မယ်။ အပစ်သားလို့၊ နင်လို့ လက်ဟို စင်ကြယ်စေကြလော့။ စိတ်နေခွဆိသောသူလို့၊ နင်လို့ စိတ်နေလုံးဟို သန့်ဆှင်းစေကြလော့။