28 အဲလိုလဲ ယေရှုဟ “ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို ကြားယွေ့ လိုက်နာသောသူလို့ဟ သာယွေ့ မင်္ဂလာဆိကြအယ်” ဟု ပြန်ပြောအယ်။
ယေရှုဟ သူလို့အားလုံးဟို “ဘုရားသခင်ရဲ့ စကားဟို ကြားပင်း နားထောင်သောသူလို့ဟ ငါ့မေ့နဲ့ ငါ့ညီများ ဖြစ်အယ်” ဟု မိန့်အယ်။
ဟေအရာလို့ဟို နင်လို့အခု သိယွေ့ အဲအတိုင်းကျင့်ရင် နင်လို့ဟ မင်္ဂလာဆိကြအယ်။
အချိန်နီးကပ်ပီ ဖြစ်ယွေ့ ဟေပရောဖက်ပြု ဟောပြောသောစကားဟို ဖတ်ကြားသောသူနဲ့ ဟေစကားဟို ကြားနာယွေ့ ၎င်းတွင် ရေးထားသောအရာများဟို လိုက်နာ စောင့်ထိန်းသောသူလို့ဟ မင်္ဂလာဆိကြအယ်။
“မိမိဝတ်လုံများဟို လျှော်ဖွတ်ယွေ့ အသက်ပင်နဲ့ သက်ဆိုင်သောအခွင့်ဟို ရဆိပင်း ထင်ခါးများမှ မြို့ထဲဟို ဝင်ခွင့်ဟို ရဆိသောသူလို့ဟ မင်္ဂလာ ဆိကြအယ်။