63 ဇာခရိဟ ကျောက်သင်ပုံးတချပ်ကို တောင်းယူပင်းရင်၊ “အောင်နီငယ်ရဲ့ နာမယ်ဟ ယောဟန် ဖြစ်အယ်” ဟု ရေးအယ်၊ အေးအခါ အဲသူအပေါင်းလို့ဟ ရမ်းဆာ့ အံ့သြကြအယ်။
ဟေစကားဟို ယေရှု ကြားသောခါ၊ အံ့ဩယွေ့ နောက်ဟို လိုက်လာကြသော သူလို့အား “ငါ နင်လို့ဟို အမန်ပြောတာဟ၊ ဟေမျှလောက် ကြီးမားသော ယုံကြည်ခြင်းဆိသောသူ တစုံတယောက်ဟိုမျှ ဣသရေလအမျိုးထဲနှိုက် ငါ မတွေ့ဖူးသေး။
အဲလိုလဲ ခေါန်းခင်တမန်ဟ “ဇာခရိ၊ မကြောက်နဲ့၊ ဘုရားသခင်ဟ နင် ဆုတောင်းလဲ့အရာဟို နားညောင်းပီ၊ နင်ရဲ့ ပေါင်အိုမ ဧလိရှဗက်ဟ အောင်နီငယ်ဟို ဖွားမျော်လိမ့်မယ်။ နင်ဟ သူ့ဟို ယောဟန်ဟု နာမယ်မှည့်ရမယ်။
အဲလိုလဲ သူ့ရဲ့ အမေ့ဟ “အေးနာမယ်ကို မမှည့်ပါနဲ့၊ ယောဟန်လို့ မှည့်ခေါ်ကြပါ” ဟု ဆိုအယ်။