34 မာရိဟ “ငါသည် အပျိုကညာ ဖြစ်သဖြင့် စလို လူပဲ့စွဲယွေ့ အောင်နီငယ်ဟို မွေးနိန်မှာလုန်း” ဟု ခေါန်းခင်တမန်ဟို မေးအယ်။
သူဟ ယာကုပ်အမျိုးဟို အစဉ်အမြဲ အုပ်ချုပ်လိမ့်မယ်၊ အေးသူရဲ့ နိုင်ငံဟလည်း ပစာခါမှ ကုန်ဆုံးလိမ့်မယ် မဟုတ်” ဟု မာရိအား ဟောအယ်။
ခေါန်းခင်တမန်ဟ “သန့်ဆှင်းသော ဝိညာဉ်တော်ဟ နင်ရဲ့ အပေါ်ဟို သက်ရောက်ပင်း အမြင့်မြတ်ဆုံးသော ဘုရားသခင်ရဲ့ တန်ခိုးတော်ဟ နင့်ဟို လွှမ်းမိုးလိမ့်မယ်။ အဲအကျောန်းကျောန့် သန့်ဆှင်းသော သားဟလည်း ဘုရားသခင်ရဲ့ အောင်နီဟု ခေါ်ခြင်းဟို ခံရလိမ့်မယ်။
“အဲလိုလဲ နင်ဟ ထယွေ့ မြို့ထဲဟို သွားလော့၊ အဲမှာ နင်ပြုရမယ့် အမှုဟို ငါ ပြောလိမ့်မယ်” ဟု မိန့်အယ်။