13 မိမိလို့ အဆှက်ဟို အမြှုပ်လိုမျိုး ပေါ်စေလဲ့ ပြင်းထန်သော ပင်လယ်လှိုင်းတံပိုးများ၊ ဝေ့နေသော ကြယ်များ ဖြစ်ကြအယ်။ သူလို့အတွက် အမှောင်မိုက်ဆုံး မိုက်ဟို ထာဝရ ထိန်းသိမ်းထားလျက် ဆိအယ်။
အဲသူလို့ရဲ့ အဆုံးဟ ပျက်စီးခြင်း ဖြစ်အယ်၊ သူလို့ရဲ့ ဘုရားဟ သူလို့ရဲ့ ဖိုက်ဖြစ်ယွေ့ သူလို့ဟ ဆှက်ဖွယ်ရာနှိုက် ဂုဏ်ယူဝါကြွားကြအယ်။ သူလို့ စွဲလမ်းသောအရာဟ လောကနဲ့ဆိုင်သောအရာများပင် ဖြစ်ကြအယ်။
ဆိုးညစ်သောသူလို့နဲ့ လှည့်စားသောသူလို့ဟ သူတပါးဟို လှည့်စားလျက် ကိုယ့်တတ်တိုင်းလည်း လှည့်စားခြင်းဟို ခံရလျက် ပိုယွေ့ ဆိုးရွားသောအဖြစ်ဟို ကျဆင်း သွားကြလိမ့်မယ်။
အေးသူလို့ဟ ခန်းခြောက်သော စမ်းယေတွင်းများ၊ မုန်တိုင်းနဲ့ လွင့်ပါသွားလဲ့ မိုးချေးသားများ ဖြစ်ကြအယ်။ သူလို့အတွက် မှောင်မည်းသော မိုက်ဟို ထိန်းသိမ်းထားလျက် ဆိအယ်။
အေးအပြင် မိမိလို့ရဲ့ မူလအခွင့်အာဏာဟို မထိန်းသိမ်းဘဲ မိမိလို့နေရာ အရပ်ဟို စွန့်ခွာသွားကြလဲ့ ခေါန်းခင်တမန်များအား တရားစီရင်ရာ နေ့ကြီးအတွက် ထာဝရ တုတ်ချေခြင်းအားဖြင့် မိုက်ခြင်းအောက်နှိုက် ထိန်းသိမ်းထားအယ်။
သူလို့ဟို လှည့်စားသော မာရ်နတ်ဟလည်း သားရဲနဲ့ မိစ္ဆာပရောဖက်လို့ဆိရာ ကန့်နဲ့ ရောသော မီးအိန်ထဲဟို လောချခြင်း ခံရအယ်။ သူလို့ဟ အဲနေရာနှိုက် နေ့ရောညပါ ကမ္ဘာအဆက်ဆက် ညှဉ်းဆဲခြင်းဟို ခံရကြလိမ့်မယ်။
အဲလိုလဲ ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံဆှာဖွယ်သောသူ၊ လူ့အသက်ဟို သတ်သောသူ၊ မတရားသော မေထုန်နှိုက် မှီဝဲသောသူ၊ ပြုစားသောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ သစ္စာပျက်သောသူအပေါင်းလို့ဟ ကန့်နဲ့ လောင်သော မီးအိန်ထဲနှိုက် မိမိလို့ အဖို့ဟို ရကြလိမ့်မယ်။ ဟေဟာဟ ဒုတိယ သေခြင်း ဖြစ်အယ်” ဟု မိန့်အယ်။