Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယုဒဆေမှ ပေးစာ 1:1 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

1 ယေရှု ခရစ်တော်ရဲ့ အစေခံ၊ ယာကုပ်ရဲ့ ညီ ငါယုဒဟ — အဖဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟို ခံစားရယွေ့ ယေရှု ခရစ်တော်ရဲ့ စောင့်ဆှောက်မှု အောက်နှိုက် ဆိသော ခေါ်ယူခြင်း ခံရသူလို့ ဆေဟို စာရေးလိုက်အယ်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယုဒဆေမှ ပေးစာ 1:1
40 ပူးပေါင်းရင်းမြစ်များ  

ဖိလိပ္ပုနဲ့ ဗာသောလမဲ၊ သောမနဲ့ အခွန်ခံသူ မဿဲ၊ အာလဖဲရဲ့သား ယာကုပ်နဲ့ သဒ္ဒဲ၊


သူဟ လက်သမားဆရာရဲ့ သားမဟုတ်လော၊ သူ့မေ့ဟ မာရိ မဟုတ်လော၊ သူ့ညီများဟ ယာကုပ်၊ ယောသပ်၊ ရှိမုန်နဲ့ ယုဒလို့ မဟုတ်လော။


အိန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲရဲ့ သား ယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်စိတ်ထက်သန်သူ ရှိမုန်နဲ့၊


သူဟ လက်သမား မဟုတ်လော၊ မာရိရဲ့ အောင်နီငယ်ဖြစ်ပင်း ယာကုပ်၊ ယောသပ်၊ ယုဒနဲ့ ရှိမုန်လို့ရဲ့ ညီအကို မဟုတ်လော၊ သူ့ရဲ့ နှမများဟလည်း အေးမှာနေတာ မဟုတ်လော” ဟု မေးအယ်။ အေးကျောန့် သူလို့ဟ ကိုယ်တော်ဟို ငြင်းပယ်ကြအယ်။


ယာကုပ်ရဲ့ သား ယုဒနဲ့ သစ္စာဖောက်ဖြစ်လာမဲ့ ယုဒရှကာရုတ်လို့ ဖြစ်ကြအယ်။


ငါရဲ့အမှုဟို ဆောင်ရွက်သောသူဖြစ်ရင် ငါ့နောက်ဟို လိုက်ရမယ်၊ အဲမှသာ ငါဆိရာအရပ်နှိုက် သူဟလည်း ဆိလိမ့်မယ်။ ငါရဲ့အစေဟို ဆောင်ရွက်သောသူဟို ငါ့ရဲ့ခမည်းတော်ဟ ချီးမြှောက်လိမ့်မယ်။


ယုဒရှကာရုတ် မဟုတ်သော ယုဒဟ “သခင်ဘုရား၊ ကိုယ်တော်အား ငါလို့ဆေဟို ထင်ဆှားစေရန် ကြံရွယ်သော်လည်း လောကသားလို့ဆေ မထင်ဆှားတာဟ စလိုတုန်း” ဟု မေးဆှောက်အယ်။


နင်လို့ဟ ငါ့ဟို ရွေးကောက်ကြတာ မဟုတ်၊ ငါဟ နင်လို့ဟို ရွေးကောက်သဖြင့် နင်လို့ဟ သွားယွေ့ တည်ကြည်သောအသီးဟို သီးနိန်မယ်အကျောန်းနဲ့ ငါ့နာမဟို အမှီပြုယွေ့ ခမည်းတော်မှာ တောင်းသမျှလို့ဟို ရမယ်အကျောန်း နင်လို့ဟို ငါ ခန့်ထားအယ်။


သူလို့အား ဟေလောကမှ နုတ်ယူရန် ငါ တောင်းဆှောက်တာ မဟုတ်မန့်၊ သူလို့ဟ မာရ်နတ်ရဲ့ ဘေးမှကင်းလွတ်မဲ့အကျောန်း စောင့်ထိန်းရန်ဟိုသာ တောင်းဆှောက်ပါအယ်။


သမ္မာတရားအားဖြင့် သူလို့ဟို သန့်ဆှင်းစေမန့်၊ ကိုယ်တော်ရဲ့ နှုတ်ကပတ်တော်ဟ သမ္မာတရား ဖြစ်အယ်။


သမ္မာတရားအားဖြင့် သူလို့ဟို သန့်ဆှင်းစေမဲ့အကျောန်း ငါဟ သူလို့အတွက် ကိုယ်ဟို သန့်ဆှင်းစေပါအယ်။


ငါ့ဟို စေလွှတ်သောသူရဲ့ အလိုတော်မှာ ကိုယ်တော်ပေးထားသော သူအပေါင်းလို့တွင် တစုံတယောက်မျှ ငါမဆုံးရှုံးဘဲ နောက်ဆုံးသောနေ့နှိုက် ဆှင်ပြန်ထမြောက်ရန် ဖြစ်အယ်။


သူလို့ဟ မြို့ထဲဟို ဝင်ယွေ့ မိမိလို့ တည်းခိုရာနေအိုင် အပေါ်ထပ် အခန်းဟို တက်သွားကြအယ်။ အဲသူလို့ဟ ပေတရု၊ ယောဟန်၊ ယာကုပ်နဲ့ အိန္ဒြေ၊ ဖိလိပ္ပုနဲ့ သောမ၊ ဗာသောလမဲနဲ့ မဿဲ၊ အာလဖဲ သား ယာကုပ်၊ မျိုးချစ်စိတ်ထက်သန်သူ ရှိမုန်နဲ့ ယာကုပ်ရဲ့ သား ယုဒလို့ ဖြစ်အယ်။


“အခု နင်လို့အား ဘုရားသခင်နှိုက် လည်းကောင်း၊ ကိုယ်တော်ရဲ့ ကျေးဇူးတော်နဲ့ဆိုင်သော နှုတ်ကပတ်တော်နှိုက် လည်းကောင်း ငါ အပ်နှံအယ်။ နှုတ်ကပတ်တော်ဟ နင်လို့ဟို တည်ဆောက်မြှင့်တင်လျက် သန့်ဆှင်းစေခြင်း ခံရသောသူ အပေါင်းလို့နဲ့အတူ အမွေဟို ရဆိစေနိန်စွမ်း ဆိအယ်။


အကျောန်းမှာ ငါ့ဟို ပိုင်သော ငါ ကိုးကွယ်သော ဘုရားသခင်ရဲ့ ခေါန်းခင်တမန်ဟ မနေ့ညမှာ ငါဆေဟို လာလျက်၊


ဘုရားသခင်ရဲ့ သတင်းကောင်းအတွက် ရွေးချယ်ခြင်း ခံရယွေ့ တမန်တော်အဖြစ် ခေါ်ယူခြင်း ခံရသော ခရစ်တော် ယေရှုရဲ့ အစေခံ ငါ ပေါလုဟ စာရေးလိုက်ပါအယ်။


ရောမမြို့နှိုက်ဆိသော နင်လို့အပေါင်းဟလည်း ယေရှု ခရစ်တော်နဲ့ သက်ဆိုင်မဲ့အကျောန်း ဘုရားသခင်ရဲ့ ခေါ်ယူခြင်း ခံရသူများထဲတွင် ပါဝင်ကြအယ်။


အကျောန်းမှာ သူလို့ဟ ငါလို့ရဲ့ အဆှင် ခရစ်တော်ရဲ့ အစေဟို ခံသူများ မဟုတ်ဘဲ၊ သူလို့ရဲ့ ကိုယ်ပိုင်အရာကိုယ်သာ စိတ်ဝင်စားကြသူများ ဖြစ်ကြအယ်။ သူလို့ရဲ့ ချိုသာသော စကားများနဲ့ မြှောက်ပင့်သော စကားများဖြင့် အပစ်မဲ့သူလို့ဟို လှည့်စားတတ်ကြအယ်။


အဲလိုလဲ အခုမှာ နင်ဟ အပစ်တရားမှ လွတ်မြောက်ပင်းရင် ဘုရားသခင်ရဲ့ ကျွန်များ ဖြစ်လာကြပီ။ နင်လို့ရဆိလဲ့ ကိုယ်တော်အတွက် မိမိကိုယ်ကို အကြွင်းမဲ့ ဆက်ကပ်ခြင်း ဖြစ်အယ်၊ အဲရဲ့ ရလဒ်ဟ ထာဝရအသက် ဖြစ်အယ်။


အေးလို့ ခွဲခန့်မှတ်သားနဲ့သော သူလို့ဟို ခေါ်အယ်၊ ခေါ်သောသူလို့လည်း ဖြောင့်မတ်ရာနှိုက် တည်စေအယ်၊ အေးလို့ ဖြောင့်မတ်ရာနှိုက် တည်စေသောသူလို့ဟိုလည်း ဘုန်းတော် ထင်ဆှားစေအယ်။


အကျောန်းမှာ ငါလို့ဟ ကိုယ်တော်ခေါ်တဲ့ လူများ ဖြစ်ကြအယ်။ ယုဒလူမျိုးများထဲမှ သာမက လူမျိုးခြားအထဲမှလည်း ခေါ်ယူအယ်။


ကောရိန့်မြို့ဆိ ဘုရားသခင်ရဲ့ အသင်းတော်ဝင်အပေါင်းလို့ဆေဟို လည်းကောင်း၊ အရပ်ခပ်သိမ်းမှ ငါလို့နဲ့ သူလို့ရဲ့ သခင် ယေရှု ခရစ်တော်ဟို ကိုးကွယ်သောသူ အပေါင်းလို့နဲ့တကွ ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်း ဆိသောအားဖြင့် ဘုရားသခင်ရဲ့ လူအဖြစ် ရွေးချယ်ခြင်း ခံရသောသူအပေါင်းလို့ဆေဟို လည်းကောင်း စာရေးလိုက်ပါအယ်။


နင်လို့တွင် အချို့လို့ဟ အဲသို့သောသူများ ဖြစ်ကြအယ်။ အားပေမဲ့ နင်လို့ဟ သခင် ယေရှု ခရစ်တော်ရဲ့ နာမတော်နဲ့ ငါလို့ ဘုရားသခင်ရဲ့ ဝိညာဉ်တော်အားဖြင့် ဆေးကြောခြင်း ခံရယွေ့ သန့်ဆှင်းခြင်း ခံရကာ ဖြောင့်မတ်ရာဟို ရောက်ကြပီ။


နှုတ်ကပတ်တော်အားဖြင့် အသင်းတော်ဟို ဘုရားသခင်ဆေ ဆက်ကပ်အပ်နှံရန် သူဟ ဟေအရာဟို ပြုလုပ်ခဲ့အယ်။ အဲလိုပြုလုပ်ပင်းနောက် ယေနဲ့ဆေးကြော သန့်စင်ပင်း၊


ငါလို့ဟ နင်လို့အား အားပေးနှစ်သိမ့်ပေးကာ ကိုယ်တော်ရဲ့ နိုင်ငံတော်နဲ့ ဘုန်းအသရေတော်တွင် ပါဝင်ရန် ခေါ်လဲ့ ဘုရားသခင် နှစ်သက်သော အသက်တာမျိုးဖြင့် နေထိန်ရန် ငါလို့ ဆက်လက် တိုက်တွန်းထားအယ်။


ငြိမ်သက်ခြင်းရဲ့အဆှင် ဘုရားသခင်တတ်တိုင်း နင်လို့ဟို အကုန်အစင် သန့်ဆှင်းစေသော။ ငါလို့ရဲ့ သခင် ယေရှု ခရစ်တော် ကြွလာသောအခါ နင်လို့ရဲ့ ဝိညာဉ်၊ စိတ်နေလုံး၊ ကိုယ်ခန္ဓာဟို အပစ်တင်စရာ မဆိစေရန် စောင့်ဆှောက်ပါစေသော။


ဘုရားသခင်ဟ ငါလို့ဟို ကယ်တင်ယွေ့ သန့်ဆှင်းသော ခေါ်ယူခြင်းဖြင့် ငါလို့ဟို ခေါ်ယူတာဟ ငါလို့ပြုသောအမှုများကျောန့် မဟုတ်ဘဲ ကိုယ်တော်ရဲ့ အကြံအစည်ကျောန့် ဖြစ်ပင်း ဆေ့ကာလများ မတိုင်မီဟပင် ခရစ်တော် ယေရှုအားဖြင့် ငါလို့အား ပေးသော ကျေးဇူးတော်ကျောန့် ဖြစ်အယ်၊


သခင်ဘုရားဟ မကောင်းသောအမှုအလုံးစုံလို့မှ ငါ့ဟို ကယ်နုတ်ယွေ့ ခေါန်းခင်ဘုံနှိုက်ဆိသော မိမိရဲ့ နိုင်ငံတော်ထဲဟို လုံခြုံစွာ ပို့ဆောင်လိမ့်မယ်။ အဲသခင်နှိုက် ကမ္ဘာအဆက်ဆက် ဘုန်းအသရေတော် ဆိမန့်စေ၊ အာမင်။


အဲလိုမို့ ခေါန်းခင်နဲ့ဆိုင်သော ခေါ်ယူခြင်းနှိုက် ပါဝင်လဲ့ သန့်ဆှင်းသူ ညီအကို မောင်နှမလို့၊ ငါလို့ ယုံကြည်ဝန်ခံလဲ့ တမန်တော်နဲ့ ယဇ်ပုရောဟိတ်မင်း တည်းဟူသော ယေရှုအကျောန်းဟို စဉ်းစားဆင်ခြင်ကြလော့။


ဘုရားသခင်နဲ့ သခင် ယေရှု ခရစ်တော်ရဲ့ အစေခံဖြစ်သော ငါ ယာကုပ်ဟ၊ အရပ်ရပ်လို့နှိုက် ကွဲပြားသော တဆယ့်နေပါးသော အမျိုးလို့ဟို၊ နှုတ်ဆက်လိုက်အယ်။


ယေရှု ခရစ်တော်ဟို နာခံရန်နဲ့ ကိုယ်တော်ရဲ့ အသွေးတော် ပျက်ဖျန်းခြင်း ခံရရန်အတွက် ဝိညာဉ်တော်အားဖြင့် သန့်ဆှင်းစေခြင်း ခံရယွေ့ ခမည်းတော် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်အတိုင်း နင်လို့ဟ ရွေးချယ်ခြင်း ခံရသော သူလို့ဆေဟို စာရေးလိုက်အယ်၊ ကျေးဇူးတော်နဲ့ ငြိမ်သက်ခြင်း နင်လို့အပေါ် ပြေ့စုံပါစေ။


နင်လို့ဟ အချိန်ကာလရဲ့ အဆုံးတွင် ဖော်ပြရန် အသင့်ဆိသော ကယ်တင်ခြင်းအတွက် ဘုရားသခင်ရဲ့ တန်ခိုးတော်နှိုက် ယုံကြည်ခြင်းအားဖြင့် စောင့်ဆှောက်ခြင်းဟို ခံရကြအယ်။


အဲလိုလဲ နင်လို့ဟ ရွေးကောက်ခံရသော အမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ဆှင်းသော တိုင်းသူပြေသား၊ ဘုရားသခင်ရဲ့ လူမျိုး ဖြစ်ကြအယ်။ ဟေဟာဟ နင်လို့ဟို မိုက်ထဲဟ မိမိရဲ့ အံ့ဩဖွယ် အလင်းထဲဟို ခေါ်ယူသော အဆှင်ရဲ့ ကောင်းမြတ်ခြင်းများဟို နင်လို့ ဖော်ပြကြမဲ့အကျောန်း ဖြစ်အယ်။


နင်လို့ဟို မိမိရဲ့ ထာဝရ ဘုန်းအသရေထဲဟို ခရစ်တော် ယေရှုအားဖြင့် ခေါ်ယူသော အဆှင်၊ ကျေးဇူးတော်အပေါင်းနဲ့ ပြေ့စုံသော ဘုရားသခင် ကိုယ်တော်တိုင်ဟ ဆင်းရဲဒုက္ခဟို ခဏခံစားပင်းသော နင်လို့ဟို စုံလင်စေယွေ့ ခွန်အားနဲ့ပြေ့စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေလိမ့်မယ်။


ယေရှု ခရစ်တော်ရဲ့ အစေခံနဲ့ တမန်တော်ဖြစ်သော ငါ ရှိမုန် ပေတရုဟ — ငါလို့ ဘုရားသခင်နဲ့ ကယ်တင်ဆှင်ဖြစ်သော ယေရှု ခရစ်တော်ရဲ့ ဖြောင့်မတ်ခြင်းအားဖြင့် ငါလို့နည်းတူ အဖိုးတန်လဲ့ ယုံကြည်ခြင်းဟို ခံယူရဆိသော သူလို့ဆေဟို စာရေးလိုက်အယ်။


ဘုရားသခင်ရဲ့ မေတ္တာတော်နှိုက် မိမိကိုယ်ဟို စောင့်ထိန်းယွေ့ ထာဝရအသက်ဟို ပို့ဆောင်လျက် ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ ကရုဏာတော်ဟို စောင့်မျှော်ကြလော့။


ချစ်လှစွာသော မိတ်ဆွေလို့၊ ငါလို့အားလုံးနဲ့ ဆိုင်သော ကယ်တင်ခြင်း အကျောန်းဟို နင်လို့ဆေ ရေးသားပေးပို့ရန် ရမ်းဆာ့ ကြိုးစားလျက် နေစဉ်ခါပင် သန့်ဆှင်းသူလို့ဆေ တခါတည်းနဲ့အပီး ပေးအပ်သော ယုံကြည်ခြင်းအတွက် ကြိုးစား တိုက်ခိုက်ကြမယ့်အကျောန်း နင်လို့အား စာရေးယွေ့ တိုက်တွန်းနှိုးဆော်ရန် လိုအပ်တာဟို ငါတွေ့ရအယ်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ