34 အေးသူလို့ဟလည်း “နင်ဟ မွေးစဟပင် တကိုယ်လုံးနှိုက် ဒုစရိုက်အပစ်စွဲသောသူဖြစ်ပင်း ငါလို့ဟို သွန်သင်ဖို့ ကြိုးစားနေတာလား” ဟု ဆိုပင်း တရားဇရပ်မှ နှင်ထုတ်လိုက်ကြအယ်။
ကျမ်းတတ်ဆရာတယောက်ဟ “ဆရာ၊ အေးလို့ပြောရင် ငါလို့ဟိုလည်း စော်ကားရာ ရောက်ပါအယ်” ဟု ဆိုအယ်။
အကျောန်းမှာ ကိုယ့်တတ်တိုင်းကိုယ် ချီးမြှောက်သူတိုင်းဟ နှိမ့်ချခြင်းဟို ခံရလိမ့်မယ်၊ ကိုယ့်တတ်တိုင်းကိုယ် နှိမ့်ချသောသူဟ ချီးမြှောက်ခြင်းဟို ခံရလိမ့်မယ်” ဟု ပြောအယ်။
နင်လို့ဟို ငါအမန်ဆိုတာဟ၊ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို လူပဲ့သငယ်လိုမျိုး လက်မခံသောသူဟ အဲနိုင်ငံတော်သို့ စခါမှဝင်ရလိမ့်မယ် ဟုတ်မောင့်လဲ့” ဟု ပြောအယ်။
“လူသားကျောန့် လူလို့ဟ နင်လို့ဟို မုန်းသောအခါနှိုက် လည်းကောင်း၊ ငြင်းပယ်ကြသောအခါနှိုက် လည်းကောင်း၊ စော်ကားခံရသောအခါနှိုက် လည်းကောင်း၊ မကောင်းသောသူဟု ပြောကြသောအခါနှိုက် လည်းကောင်း၊ နင်လို့ဟ မင်္ဂလာဆိကြအယ်။
ငါ့အား ခမည်းတော် ပေးသောသူအပေါင်းလို့ဟ ငါ့ဆေဟို လာကြလိမ့်မယ်။ ငါ့ဆေ လာသောသူဟို ငါဟ ပစာအခါမျှ ပစ်ပယ်လိမ့်မယ် မဟုတ်၊
နင်လို့ဟ နင်လို့အဖပြုသော အမှုများဟို ပြုကြအယ်” ဟု မိန့်လေအယ်။ အဲသူလို့ဟလည်း “ငါလို့ဟ သူရဲ့စစ်မန်သော လူပဲ့သငယ်များ ဖြစ်အယ်၊ ငါလို့မှာ ဘုရားသခင်တည်းဟူသော အဖတပါးတည်း ဆိအယ်” ဟု ပြန်ဖြေအယ်။
ကိုယ်တော်ရဲ့ တဘဲ့တော်လို့ဟ “ဆရာ၊ ဟေသူဟ ပစာအပစ်ကျောန့် မျက်စေ့ကန်းတုန်း။ မိမိ အပစ်ကျောန့်လား အဲဟာမဟုတ်ရင် မိဘ အပစ်ကျောန့်လား” ဟု မေးဆှောက်ကြအယ်။
သူ့ရဲ့ မိဘဟ ဟေလို့ဖြေရခြင်းဟာ ယုဒအာဏာပိုင်လို့ဟို ကြောက်သောကျောန့် ဖြစ်အယ်၊ ယေရှုအား မေဆှိယအဖြစ် ဝန်ခံသောသူ စသူဟိုမဆို တရားဇရပ်မှ မောင်းထုတ်ခံရမယ် ဟု ယုဒလူလို့ဟ သဘောတူဆုံးဖြတ်ပင်း ဖြစ်အယ်။
သူလို့ဟ သူဟို အပြင်မောင်းထုတ်လိုက်ကျောန်းဟို ယေရှု ကြားယွေ့ ကိုယ်တော်ဟ သူဟို တွေ့သောအခါ၊ “နင်ဟ လူသားဟို ယုံကြည်သလော” ဟု မေးလေအယ်။
ကိုယ်တော်နဲ့အတူဆိနေသော ဖာရိရှဲအချို့လို့ဟ အေးစကားဟို ကြားယွေ့၊ “ငါလို့ဟလည်း မျက်စေ့ကန်းသောသူများ ဖြစ်ကြသလော” ဟု မေးကြအယ်။
တကယ်ပဲ၊ ငါလို့ဟ မွေးရာပါ ယုဒလူများဟု ခေါ်ကြလဲ့အတိုင်း “လူမျိုးခြား အပစ်သားများ” မဟုတ်ပါ။
တကယ်တော့ ငါလို့အားလုံးဟာ သူလို့လိုပဲ ငါလို့ရဲ့ ဇာတိဆန္ဒတွေအရ ငါလို့ရဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ဆန္ဒ ကိုက်ညီတဲ့ ဘာမဆို ပြုမှုနေအယ်။ ငါလို့ရဲ့ ပကတိအခြေအနေတွင် အခြားသူများလိုမျိုးပင် ငါလို့ဟ ဘုရားသခင်ရဲ့ အူထော့ခြင်းဟို ခံထိုက်သောသူများ ဖြစ်ကြအယ်။
အေးနည်းတူ လူငယ်လို့၊ အသင်းတော် လူကြီးများရဲ့ စကားဟို နားထောင်ကြလော့။ နင်လို့အားလုံး တယောက်အောက် တယောက် နှိမ့်ချခြင်း တန်ဆာဟို ဆင်ယင်ကြလော့။ ပစာကို့ “ဘုရားသခင်ဟ မာနထောင်လွှားသောသူလို့ဟို ဆန့်ကျင်ယွေ့ နှိမ့်ချသောသူလို့အား ကျေးဇူးတော်ဟို ခံစားစေအယ်” ဟု ကျမ်းစာဟ ဖော်ပြထားအယ်။
အဲလိုမို့ ငါလာသောအခါ သူလုပ်နေသော အမှုဟို ထောက်ပြမယ်။ သူဟ မကောင်းသော စကားအမျိုးမျိုးလို့ဖြင့် ငါလို့ဟို ကဲ့ရဲ့ပစ်တင်ပင်း အေးလောက်တင်မက မကျေနပ်ဘဲ သူတတ်တိုင်းလည်း ညီအကို မောင်နှမလို့ဟို လက်မခံ၊ လက်ခံချင်သော သူများဟိုလည်း တားမြစ်ယွေ့ အသင်းတော်မှ မောင်းထုတ်အယ်။
ငါဟ အသင်းတော်ဆေဟို စာကတစ်ရေးခဲ့သော်လည်း သူလို့တွင် ခေါင်းဆောင်ဖြစ်လိုသော ဒယောတရပ်ဟ ငါလို့ဟို လက်မခံ။
အဲတံဆိပ်လက်မှတ် တည်းဟူသော သားရဲရဲ့ နာမ ဖြစ်စေ၊ နာမရဲ့ အရေအတွက် ဖြစ်စေ၊ တခုခုဟို မခံသောသူတယောက်မျှ မရောင်းမဝယ်စေခြင်းငှာ လည်းကောင်း စီရင်အယ်။