58 ယေရှုဟ “နင်လို့အား ငါ အမန်ဆိုအယ်၊ အာဗြဟံ မမွေးမီဟပင် ငါ ဆိအယ်” ဟု မိန့်လေအယ်။
ယေရှုဟ “နင်လို့အား ငါပြောပင်း ဖြစ်အယ်၊ အဲလိုလဲ နင်လို့ မယုံကြ။ ငါ့ခမည်းတော်ရဲ့ အခွင့်နဲ့ ငါပြုသောအမှုလို့ဟ ငါရဲ့ သက်သေ ဖြစ်အယ်၊
“အို အဖ၊ ကိုယ်တော်ဟ ကမ္ဘာမတည်မဆိမီ ငါ့ဟို ချစ်ယွေ့ ပေးသော ဘုန်းအသရေဟို ငါ့အား ကိုယ်တော်ပေးသော သူလို့ဟ မျော်ကြစေရန် ငါဆိရာအရပ်တွင် သူလို့အား ဆိစေလိုအယ်။
အို အဖ၊ ဟေကမ္ဘာ မတည်မဆိမီဟပင် ကိုယ်တော်နဲ့အတူ ငါလို့ ခံစားသော ဘုန်းအသရေအားဖြင့် အခုပင် ကိုယ်တော့်ဆေ့တော်နှိုက် ဘုန်းထင်ဆှားစေမန့်။
အဲကျောန်းကျောန့် နင်လို့ဟ မိမိလို့အပစ်နှိုက် သေကြလိမ့်မယ် ဟု ငါဆိုအယ်။ ငါဟ ‘ငါဖြစ်လဲ့အတိုင်း ငါဖြစ်အယ်’ ဟို နင်လို့ မယုံကြည်ရင် မိမိလို့အပစ်နှိုက် သေလိမ့်မယ်” ဟု မိန့်အယ်။
အဲလိုမို့ ယေရှုဟ “လူသားဟို မြှောက်ထားသောအခါမှ ငါဟ ‘ငါဖြစ်လဲ့အတိုင်း ငါဖြစ်အယ်’ ဟို လည်းကောင်း၊ ငါဟ ကိုယ့်အလိုအတိုင်း ပစာအမှုဟိုမှ မပြုဘဲ၊ ငါ့ခမည်းတော်ရဲ့ သွန်သင်လဲ့အရာဟိုသာ ပြောတာဟိုလည်းကောင်း နင်လို့ဟ သိကြလိမ့်မယ်။
ယေရှုဟ “နင်လို့အားငါ အမန်ပြောတာဟ၊ အပစ်ဆိသူတိုင်းဟ အပစ်ရဲ့ကျွန် ဖြစ်အယ်။
နင်လို့အား ငါ အမန်ဆိုအယ် ငါ့စကားဟို နာခံသောသူဟ သေခြင်းနဲ့ အစဉ်မပြတ် ကင်းလွတ်လိမ့်မယ်” ဟု မိန့်လေအယ်။
ခရစ်တော်ဟ ခပ်သိမ်းသောအရာလို့ မတည်မဆိခင် ဖြစ်ယွေ့၊ ခပ်သိမ်းသောအရာလို့ဟ ကိုယ်တော်နဲ့ တလုံးတဝတည်းဖြစ်သောအားဖြင့် စနစ်တကျတည်လျက် ဆိအယ်။
ယေရှု ခရစ်တော်ဟ မနေ့၊ ခနေ့နဲ့ နောင်ကာလ အစဉ်အမြဲ ပြောင်းလဲခြင်း မဆိ။
အဲအသံဟ “နင် မျော်ရသောအရာဟို စာစောင်တွင် ရေးသားယွေ့ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့နဲ့ လောဒိကိမြို့လို့နှိုက် ဆိသော အသင်းတော် ခုနေပါးဆေဟို ပေးပို့လော့” ဟု ဆိုအယ်။
“ငါဟ အာလဖ ဖြစ်အယ်။ ဩမေဃလည်း ဖြစ်အယ်” ဟု အနန္တတန်ခိုးနဲ့ ပြေ့စုံယွေ့ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ဆိသော ထာဝရ အဆှင် ဘုရားသခင် မိန့်အယ်။
“စမုရနမြို့နှိုက် ဆိသော အသင်းတော်ရဲ့ တမန်အား ဟေလို ရေးလိုက်လော့။ “ဦးရင်ဆုံးနဲ့ နောက်ဆုံးဖြစ်သောသူ၊ သေခဲ့သော်လည်း ပြန်ယွေ့ အသက်ဆှင်သောသူဟ ဟေလို မိန့်အယ်။