56 နင်လို့အဖ အာဗြဟံဟ ငါကြွလာမဲ့ အချိန်ကာလဟို မျော်ဖို့ ရမ်းဆာ့ အလိုဆိအယ်။ မျော်ရသောအခါ ဝမ်းမြောက်ခြင်းဟို ရောက်ရလိမ့်မယ်” ဟု မိန့်လေအယ်။
နင်လို့အား အမန်အကန် ငါပြောတာဟ၊ နင်လို့ မျော်ရတဲ့အရာများဟို ပရောဖက်နဲ့ သူတော်ကောင်းအများပင် မျော်လိုကြသော်လည်း မမျော်ရကြ။ နင်လို့ ကြားရလဲ့အရာများဟို သူလို့ကြားလိုသော်လည်း မကြားရကြ။
နင်လို့ဟို ငါပြောတာဟ ရမ်းဆာ့သော ပရောဖက်များ၊ ဘုရင်များဟ နင်လို့ မျော်ရလဲ့အရာများဟို မျော်ရရန် အလိုဆိသော်လည်း မမျော်ရကြ။ နင်လို့ ကြားနေရသောအရာများဟို ကြားရရန် အလိုဆိသော်လည်း မကြားခဲ့ရကြ” လို့ သူလို့ဟို သီးသန့်ပြောခဲ့အယ်။
ယေရှုဟ “နင်လို့အား ငါပြောပင်း ဖြစ်အယ်၊ အဲလိုလဲ နင်လို့ မယုံကြ။ ငါ့ခမည်းတော်ရဲ့ အခွင့်နဲ့ ငါပြုသောအမှုလို့ဟ ငါရဲ့ သက်သေ ဖြစ်အယ်၊
နင်လို့ဟ အာဗြဟံရဲ့ သားမြေးဖြစ်တာဟို ငါသိအယ်။ အဲလိုလဲ နင်လို့ဟ ငါရဲ့ သွန်သင်ချက်ဟို လက်မခံဘဲ ငါ့ဟို သတ်ဖို့ ကြိုးစားကြအယ်။
အဲသူလို့ဟ “ငါလို့ရဲ့ အဖဟ အာဗြဟံ ဖြစ်အယ်” ဟု ဆိုကြအယ်။ ယေရှုဟ “နင်လို့ဟ အာဗြဟံရဲ့ လူပဲ့သငယ်များဖြစ်ရင် အာဗြဟံပြုသလို ပြုကြလိမ့်မယ်။
အေးလူအပေါင်းလို့ဟ ကတိပေးသောအရာများဟို မခံစားရသော်လည်း ဟေအရာလို့ဟို အဝေးမှ မျော်ယွေ့ ကြိုဆိုလက်ခံကာ မိမိလို့ဟ မြေကြီးပေါ်နှိုက် ဧည့်သည်များနဲ့ သူစိမ်း ဧည့်သည်များသာ ဖြစ်ကျောန်း ဝန်ခံလျက် ယုံကြည်ရင်း သေလွန်ကြအယ်။
ဟေသူအပေါင်းလို့ဟ ယုံကြည်ခြင်းအားဖြင့် ချီးမွန်းခြင်း ခံရကြသော်လည်း ကတိပေးသောအရာဟို မရဆိခဲ့ကြ။