52 ယုဒလူလို့ဟ “နင်နှိုက် နတ်ဆိုးစွဲတာဟို အခု ငါလို့ သိကြအယ်၊ အာဗြဟံဟ သေလွန်ခဲ့ပင်း ပရောဖက်လို့လည်း သေလွန်ကြပီ၊ ငါ့စကားဟို နာခံသောသူဟ သေခြင်းနဲ့ အစဉ်မပြတ် ကင်းလွတ်လိမ့်မယ်” ဟု ဆိုလေအယ်။
ယောဟန်ဟ အစာဆှောင်လျက် မသောက်မစားဘဲ နင်လို့ဆီလာသောအခါ၊ လူတိုင်းဟ ‘သူဟ နတ်ဆိုးစွဲသောသူ ဖြစ်အယ်’ ဟု ပြောဆိုကြအယ်။
အခု ယေရုရှလင်မြို့ဆိ ယုဒ အာဏာဆိသောသူလို့ဟ ယဇ်ပုရောဟိတ်နဲ့ လေဝိအနွယ်ဝင် အချို့လို့ဟို ယောဟန်ဆေ စေလွှတ်ယွေ့ “နင်ဟ စသူတုန်း” လို့ သူ့ဟို မေးမြန်းကြအယ်။
ယေရှုဟ ယုဒအား “ငါ့ဟို ချစ်သောသူဟ ငါ့သွန်သင်ချက်ဟို နားထောင်လိမ့်မယ်။ ငါ့ခမည်းတော်ဟ အေးသူဟို ချစ်လိမ့်မယ်၊ ငါ့ခမည်းတော်နဲ့ ငါဟလည်း သူ့ဆေဟို လာယွေ့ သူနဲ့အတူ နေထိန်မယ်။
‘အစေခံဟ သခင်ထက် ကြီးမြတ်တာ မဟုတ်’ ဟု နင်လို့အား ငါပြောခဲ့တာဟို သတိရကြလော့။ သူလို့ဟ ငါ့ဟို ညှဉ်းဆဲရင် နင်လို့ဟိုလည်း ညှဉ်းဆဲကြလိမ့်မယ်၊ ငါ့စကားဟို နားထောင်ရင် နင်လို့ရဲ့ စကားဟိုလည်း နားထောင်ကြလိမ့်မယ်။
“ဟေလောကထဲမှ ယူယွေ့ ငါနှိုက် အပ်ပေးသောသူအား ငါဟ ကိုယ်တော်ရဲ့နာမဟို ပြမန့်ပီ။ အဲသူလို့ဟို ကိုယ်တော်ဟ ပိုင်သဖြင့် အကျွန်ုပ်အား ပေးလေအယ်၊ သူလို့ဟ ကိုယ်တော်ရဲ့ နှုတ်ကပတ်တရားဟို လိုက်နာကြပါပီ။
လူအုပ်ဟလည်း “နင်ဟ နတ်ဆိုးစွဲသောသူ ဖြစ်အယ်၊ စသူဟ နင့်ဟို သတ်ရန် ကြိုးစားလျက်နေတုန်း” ဟု ဖြေအယ်။
အဲလိုမို့ ယုဒအာဏာပိုင်လို့ဟလည်း “ကိုယ်တော်ဟ ငါသွားမဲ့အရပ်ဟို နင်လို့ မလိုက်နိန်ကြ ဟု ပြောအယ်။ ဒါဟ သူ့တတ်တိုင်း သတ်သေမယ်လို့ ဆိုလိုတာလား” ဟု ပြောအယ်။
ယုဒလူလို့ဟ ယေရှုအား “နင်ဟ ရှမာရိလူဖြစ်ပင်း နတ်ဆိုးစွဲနေတာဟု ငါလို့ပြောသောစကားဟ အမန် မဟုတ်လော” ဟု ပြန်ဖြေအယ်။
နင်လို့အား ငါ အမန်ဆိုအယ် ငါ့စကားဟို နာခံသောသူဟ သေခြင်းနဲ့ အစဉ်မပြတ် ကင်းလွတ်လိမ့်မယ်” ဟု မိန့်လေအယ်။
ဘုရားသခင်ဟို နင်လို့ မသိကြသော်လည်း ငါဟတော့ သူ့ဟို သိအယ်။ အေးအဆှင်ဟို ငါမသိဟု ပြောရင် နင်လို့လိုမျိုး ဝါလဲ့သူဖြစ်လိမ့်မယ်။ အဲလိုလဲ ငါဟ အေးအဆှင်ဟို သိယွေ့ သူ့ရဲ့စကားဟိုလည်း ငါနားထောင်အယ်။
အေးကျောန့် သူလို့ဟ မျက်စေ့ကန်းဖူးသောသူဟို ဒုတိယအကြိမ် ခေါ်ပင်း “ကတိပေးထားလဲ့အတိုင်း ဘုရားသခင်ဆေ့နှိုက် အမန်တရားဟို ပြောမန့်၊ နင့်ဟို ကျန်းမာစေသောသူဟ အပစ်သားဖြစ်ကျောန်းဟို ငါလို့ သိအယ်” ဟု ဆိုကြအယ်။
အေးလူအပေါင်းလို့ဟ ကတိပေးသောအရာများဟို မခံစားရသော်လည်း ဟေအရာလို့ဟို အဝေးမှ မျော်ယွေ့ ကြိုဆိုလက်ခံကာ မိမိလို့ဟ မြေကြီးပေါ်နှိုက် ဧည့်သည်များနဲ့ သူစိမ်း ဧည့်သည်များသာ ဖြစ်ကျောန်း ဝန်ခံလျက် ယုံကြည်ရင်း သေလွန်ကြအယ်။
အားပေမဲ့ ယေရှုဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်အားဖြင့် လူတိုင်းအတွက် အသက်ဟို စွန့်နိန်ရန် ကာလကတစ်မျှ ခေါန်းခင်တမန်များထက် နှိမ့်ချမှုဟို ခံရပင်း၊ အသေခံလဲ့အတွက် ဘုန်းအသရေ၊ ဂုဏ်အသရေနဲ့ ပြေ့ဝလျက်ဆိတာဟို အခုအခါ ငါလို့ တွေ့မျော်ကြရအယ်။