40 ဘုရားသခင်ဆေမှ ကြားခဲ့ရသော သမ္မာတရားဟို နင်လို့အား ဟောပြောခဲ့သူ ငါ့ဟို သတ်ရန် နင်လို့ဟ ကြိုးစားကြအယ်။ အာဗြဟံဟ ဟေလို ပြုခဲ့တာ မဟုတ်။
အဲပင်းရင် ယေရှုဟ ဂါလိလဲပြေတွင် လှည့်လည်သွားအယ်၊ ယုဒ အာဏာဆိသောလို့ဟ ကိုယ်တော်ဟို သတ်ရန် ဆှာကြံနေကြသောကျောန့် ယုဒပြေနှိုက် လှည့်လည်ရန် အလိုမဆိ။
“နင်လို့အကျောန်းနဲ့ ပတ်သတ်ယွေ့ ငါပြောစရာ ရမ်းဆာ့ ဆိအယ်၊ နင်လို့အား ပစ်တင်ရှုတ်ချစရာလည်း ရမ်းဆာ့များအယ်။ ငါ့ဟို စေလွှတ်သောသူဟ စစ်မန်ပင်း သူရဲ့ဆေမှ ငါကြားရလဲ့စကားဟိုသာ ဟေလောကနှိုက် ငါဟောပြောအယ်” ဟု မိန့်လေအယ်။
နင်လို့အဖ အာဗြဟံဟ ငါကြွလာမဲ့ အချိန်ကာလဟို မျော်ဖို့ ရမ်းဆာ့ အလိုဆိအယ်။ မျော်ရသောအခါ ဝမ်းမြောက်ခြင်းဟို ရောက်ရလိမ့်မယ်” ဟု မိန့်လေအယ်။
အဲအပြင် အာဗြဟံအား အရေဖျားလှီးထားသော သူလို့ရဲ့ အဖ ဖြစ်စေရန်နဲ့ အရေဖျား မလှီးထားသောသူ သာမကဘဲ အရေဖျား မလှီးခင်ကပင် ငါလို့အဖ အာဗြံဟံနှိုက်ဆိသော ယုံကြည်ခြင်း ခြေရာဟို လိုက်ဆှောက်သော သူလို့ရဲ့ အဖ ဖြစ်စေရန်အတွက် ဖြစ်အယ်။
ငါဟ နင်လို့ဟို သမ္မာတရားဟို ပြောသောကျောန့် အခုနင်လို့ရဲ့ ရန်သူ ဖြစ်သွားပီလော။
အေးအချိန်တွင် ဇာတိပကတိအတိုင်း မွေးဖွားသော သားဟ ဘုရားသခင်ရဲ့ ဝိညာဉ်တော်ကျောန့် မွေးဖွားလာသူအား ညှဉ်းဆဲခဲ့ပင်း အခုလည်း အေးနည်းတူ ဖြစ်အယ်။
အဲအခါ နဂါးဟ အဲမိန်းမအပေါ် အမျက်ထွက်ယွေ့ ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို စောင့်ထိန်းသောသူများနဲ့ ယေရှုနဲ့ဆိုင်လဲ့ သက်သေခံချက်ဟို ရဆိထားသော သူများဖြစ်ကြလဲ့ အဲမိန်းမရဲ့ အမျိုးအနွယ်ထဲမှ ကျန်ဆိသောသူလို့နဲ့ စစ်တိုက်ရန် ထွက်သွားအယ်။
သူရဲ့ အမြီးဟ ခေါန်းခင်ကြယ် သုံးပုံတပုံဟို ဆွဲယွေ့ မြေကြီးပေါ်ဟို လောချအယ်။ အဲနဂါးဟ လူပဲ့မွေးတော့မဲ့ မိန်းမဆေ့နှိုက် ရပ်လျက် လူပဲ့မွေးသောအခါ သူရဲ့ လူပဲ့ဟို ဝါးမျိုရန် စောင့်နေအယ်။