36 အဲလိုမို့ နင်လို့အား သားတော်ဟ လွတ်မြောက်စေရင် နင်လို့ဟ အမန်တကယ် လွတ်မြောက်ကြလိမ့်မယ်။
“သခင်ဘုရားရဲ့ ဝိညာဉ်တော်ဟ ငါ့အပေါ်မှာ တည်အယ်။ ဆင်းရဲသောသူလို့အား သတင်းကောင်းဟို ဟောကြားစေရန် ငါဟို ခန့်ထားပီ။ ဖမ်းဆီးချုပ်ထားလျက် ဆိသော သူလို့အား လွတ်မြောက်စေရန်၊ မျက်စေ့ကန်းသူများ မျက်စေ့အလင်း ပြန်လည်ရဆိစေရန်၊ နှိပ်စက်ခံရသူများအား လွတ်မြောက်စေရန်၊
ပစာကို့ ခရစ်တော် ယေရှုအားဖြင့် အသက်ဆှင်ခြင်းသို့ ရောက်သော ဝိညာဉ်တော်ရဲ့ ပညတ်တရားဟ သေခြင်းနဲ့ အပစ်တရားလက်မှ ငါ့ဟို လွတ်မြောက်စေသောကျောန့် ဖြစ်အယ်။
အကျောန်းမှာ ကျွန်ဖြစ်စဉ် သခင်ဘုရား ခေါ်ခြင်းဟို ခံရသောသူဟ သခင်ဘုရားရဲ့ လူလွတ် ဖြစ်အယ်။ အဲတိုင်းတိုင်း လူလွတ်ဖြစ်စဉ် ခေါ်ခြင်းဟို ခံရသောသူဟ ခရစ်တော်ရဲ့ ကျွန် ဖြစ်အယ်။
အကျောန်းမှာ “သခင်ဘုရား” ဟု ဆိုရာတွင် ဝိညာဉ်တော်ဟို ဆိုလိုအယ်၊ သခင်ဘုရားရဲ့ ဝိညာဉ်တော်ဆိရာ အရပ်နှိုက် လွတ်လပ်မှု ဆိအယ်။
လွတ်လပ်မှု ရဆိစေရန် ခရစ်တော်ဟ ငါလို့ဟို လွတ်မြောက်စေအယ်။ အေးနောက် လွတ်လပ်သော သူလို့လိုမျိုး ရပ်တည်ပင်း နင်တတ်တိုင်း နောက်တခါ ကျွန်ခံရာ ထမ်းပိုးဟို ထမ်းယွေ့ တုတ်ချေခြင်းဟို မခံကြနဲ့။