24 အဲကျောန်းကျောန့် နင်လို့ဟ မိမိလို့အပစ်နှိုက် သေကြလိမ့်မယ် ဟု ငါဆိုအယ်။ ငါဟ ‘ငါဖြစ်လဲ့အတိုင်း ငါဖြစ်အယ်’ ဟို နင်လို့ မယုံကြည်ရင် မိမိလို့အပစ်နှိုက် သေလိမ့်မယ်” ဟု မိန့်အယ်။
အကျောန်းမှာ ရမ်းဆာ့သော လူလို့ဟ ငါ့ရဲ့နာမဟို ခံယူသုံးစွဲယွေ့ ရောက်လာကာ ‘ငါဟ မေဆှိယ ဖြစ်အယ်’ ဟု ပြောပင်း လူများလို့ဟို ဝါကြလိမ့်မယ်။
ရမ်းဆာ့သော လူလို့ဟ ငါရဲ့ နာမနဲ့ လာကြလိမ့်မယ်၊ ‘ငါဟ သူဖြစ်အယ်’ ကြွေးကြော်ယွေ့၊ ရမ်းဆာ့သော လူလို့ဟို လှည့်စားကြလိမ့်မယ်။
ယုံကြည်ယွေ့ နှစ်ခြင်းဟို ခံသောသူဟ ကယ်တင်ခြင်းဟို ရောက်လိမ့်မယ်၊ မယုံကြည်သောသူဟ အပစ်စီရင်ခြင်း ခံရလိမ့်မယ်။
ယေရှုဟ “နင်လို့ဟ လှည့်စားခြင်း မခံရကြစေရန် သတိပြုကြလော့။ အကျောန်းမှာ ငါ့နာမဟို အမှီပြုယွေ့ ‘ငါဟ အဲသူဖြစ်အယ်၊ အချိန်နီးကပ်လာပီ’ ဟု ဆိုလျက် လာကြလိမ့်မယ်။ အေးသူလို့ရဲ့ နောက်ဟို မလိုက်ကြနဲ့။
အဲသို့ဖြစ်ပျက်သောအခါ ‘ငါဟ ငါဖြစ်လဲ့အတိုင်း ငါဖြစ်တာဟို’ နင်လို့ ယုံကြည်လာကြစေရန် အဲအရာမဖြစ်ပျက်ခင် အခု နင်လို့အား ငါပြောနှင့်ပီ။
သားတော်ဟို ယုံကြည်သူဟ အပစ်စီရင်ခြင်း မခံရ၊ အဲလိုလဲ မယုံကြည်သူဟတော့ ဘုရားသခင်ရဲ့ တပါးတည်းသော သားတော်ဟို မယုံကြည်သောကျောန့် အပစ်စီရင်ခြင်းဟို ခံရအယ်။
သားတော်ဟို ယုံကြည်သူဟ ထာဝရ အသက်ဟို ရအယ်၊ သားတော်ရဲ့ စကားဟို မနာခံသောသူဟတော့ အသက်ဟို မရဘဲ ဘုရားသခင်ရဲ့ အမျက်တော်ဟ သူ့အပေါ်နှိုက် တည်လိမ့်မယ်။
ယေရှုဟလည်း “နင်နဲ့ စကားပြောနေသူဟ ငါပင် ဖြစ်အယ်” ဟု ပြန်ပြောအယ်။
တဖန် ယေရှုဟ “ငါ သွားရလိမ့်မယ်၊ နင်လို့ဟ ငါ့ဟို ဆာပေမဲ့လည်း နင်လို့ဟ မိမိအပစ်နှိုက် သေကြလိမ့်မယ်။ ငါသွားမဲ့အရပ်သို့ နင်လို့ မလာနိန်ကြ” ဟု မိန့်အယ်။
သူလို့ဟ “နင်ဟ စသူတုန်း” ဟု မေးကြအယ်။ ယေရှုဟ “ငါစသူဖြစ်တာဟို အစကတည်းဟ နင်လို့အား ငါပြောခဲ့အယ်။
အဲလိုမို့ ယေရှုဟ “လူသားဟို မြှောက်ထားသောအခါမှ ငါဟ ‘ငါဖြစ်လဲ့အတိုင်း ငါဖြစ်အယ်’ ဟို လည်းကောင်း၊ ငါဟ ကိုယ့်အလိုအတိုင်း ပစာအမှုဟိုမှ မပြုဘဲ၊ ငါ့ခမည်းတော်ရဲ့ သွန်သင်လဲ့အရာဟိုသာ ပြောတာဟိုလည်းကောင်း နင်လို့ဟ သိကြလိမ့်မယ်။
ယေရှုဟ “နင်လို့အား ငါ အမန်ဆိုအယ်၊ အာဗြဟံ မမွေးမီဟပင် ငါ ဆိအယ်” ဟု မိန့်လေအယ်။
ကယ်တင်ခြင်းဟ အခြားစသူမှာမှ မဆိ၊ အကျောန်းမှာ အေးနာမမှတပါး ငါလို့အား ကယ်တင်မဲ့ အခြားသော နာမဟို ခေါန်းခင်အောက် လူလို့နှိုက် ပေးအပ်ထားခြင်း မဆိ” ဟု သူလို့အား ဆိုအယ်။
အဲကျောန့် နင်လို့ဟ မိန့်သောအသံဟို ကြားနာရန် ငြင်းဆန်သူများ မဖြစ်စေရန် သတိပြုကြလော။ ဗျာဒိတ်တော်ဟို ဆင့်ဆိုသောသူဟို ကမ္ဘာမြေကြီးပေါ်တွင် နားထောင်ရန် ငြင်းဆန်သူလို့ဟ အပစ်ဒဏ် ခံကြရရင် ငါလို့ဟ ခေါန်းခင်ဘုံမှ မိန့်သောသူအား ကျောခိုင်းကြမယ်ဆိုရင် ပစာလို အပစ်ဒဏ်မှ လွတ်မြောက်နိန်မှာလုန်း။
ဟေမျှလောက်ကြီးမြတ်လဲ့ ကယ်တင်ခြင်းဟို လျစ်လျူရှုရင် ငါလို့ဟ အပစ်ဒဏ်မှ စလို လွတ်နိန်ကြမှာတုန်း၊ သခင်ဘုရားဟ ဦးရင် ဟောပြောသော ဟေကယ်တင်ခြင်းတရားဟ ကြားနာသော သူလို့မှတဆင့် ငါလို့ဆေနှိုက် အတည်ပြုခြင်း ခံရအယ်။