43 အဲလိုမို့ ယေရှုကျောန့် လူအုပ်လို့ထဲမှာ စိတ်သဘောကွဲလွဲလျက် နေကြအယ်။
သားနဲ့ သူလို့ရဲ့အဖ၊ သမီးနဲ့ သူလို့ရဲ့အမေ့၊ ချွေးမနဲ့ သူလို့ရဲ့ယောက္ခမလို့ ရန်ဖက်ဖြစ်စေရန် ငါ လာအယ်။
ငါဟ ဟေလောကဟို ငြိမ်းချမ်းစေရန် လာတာလို့ ထင်ကြသလော။ မဟုတ်ပါ၊ အချင်းချင်း ကွဲပြားစေရန် ငါ လာအယ်။
ဟေစကားကြားလဲ့ ယုဒလူလို့ဟ စိတ်သဘောထား ကွဲလွဲသွားကြအယ်။
လူအုပ်ဟ ကိုယ်တော်နဲ့ပတ်သက်ယွေ့ များစွာ တီးတိုးပြောဆိုလျက် နေကြအယ်။ လူအချို့လို့ဟ “ဟေသူဟ လူကောင်း ဖြစ်အယ်” ဟု ဆိုကြအယ်။ အချို့ဟ “သူတော်ကောင်း မဟုတ်၊ လူလို့အား မောက်မားလမ်းလွဲစေသူ ဖြစ်အယ်” ဟု ဆိုကြအယ်။
ဖာရိရှဲအချို့လို့ဟ “အေးသူသည် ဥပုသ်နေ့ဟို မစောင့်ထိန်းသောကျောန့် ဘုရားသခင်ဆေမှ လာသောသူ မဟုတ်” ဟု ဆိုအယ်။ အခြားသောသူလို့ဟ “အပစ်သားဖြစ်သောသူတဦးဟ ဟေလို့သော နိမိတ်လက္ခဏာလို့ဟို စလို ပြုလုပ်နိန်မှာလဲ” ဟု ဆိုကြအယ်။ အားပင်း သူလို့ထဲတွင် ကွဲပြားခြင်း ဆိကြအယ်။
မြို့သူမြို့သားလို့ဟ နေစု ကွဲပြားကြအယ်၊ တချို့ဟ ယုဒအမျိုးသားလို့ဖက်ဟို ပါသွားယွေ့ အခြားတစုဟ တမန်တော်လို့ဖက်ဟို ပါသွားကြအယ်။