33 ယေရှုဟ လူလို့အား “ငါဟ နင်လို့နဲ့အတူ ခဏတာနေပင်းရင် ငါ့ဟို စေလွှတ်သောသူဆေဟို ငါ သွားရမယ်။
သခင် ယေရှုဟ သူလို့နဲ့ စကားပြောပင်းနောက်၊ ခေါန်းခင်ဘုံသို့ ဆောင်ယူခြင်းဟို ခံပင်း ဘုရားသခင်ရဲ့ လက်ယာတော်ဖက်တွင် ထိန်နေအယ်။
အခုဟ ပသခါပွဲမတိုင်မီနှိုက် တရက် ဖြစ်အယ်။ ယေရှုဟ ဟေလောကမှ ထွက်ခွာယွေ့ ခမည်းတော်ဆေဟို သွားရမဲ့ အချိန်ကျရောက်လာကျောန်းဟို သိအယ်။ ကိုယ်တော်ဟ ဟေလောကဆိ မိမိလူလို့ဟို အစဉ် ချစ်အယ်၊ သူလို့အား အဆုံးတိုင်အောန် ချစ်အယ်။
ယေရှုဟ မိမိအား ခမည်းတော်ဟ အာဏာအားလုံး လွဲအပ်ထားကျောန်း၊ မိမိဟ ဘုရားသခင်ဆေမှ ကြွလာယွေ့ ဘုရားသခင်ဆေသို့ ပြန်တော့မယ်ဟိုလည်း သိအယ်။
ငါချစ်လဲ့ လူပဲ့သငယ်လို့၊ ငါဟ နင်လို့နဲ့အတူ ခဏသာ နေရလိမ့်မယ်။ နင်လို့ဟ ငါ့ဟို ဆှာကြလိမ့်မယ်၊ အဲလိုလဲ ‘ငါသွားရာအရပ်ဟို နင်လို့ မလာနိန်ကြ’ ဟု ယုဒအာဏာပိုင်လို့အား ပြောခဲ့လဲ့အတိုင်း အခု နင်လို့အား ငါပြောအယ်။
နင်လို့အား ငါ အမန် ဆိုအယ်၊ ငါ့ဟို ယုံကြည်သောသူဟ ငါပြုသောအမှုလို့ဟို ပြုလိမ့်မယ်၊ အဲအမှုလို့ထက်သာယွေ့ ကြီးသောအမှုလို့ဟိုလည်း ပြုလိမ့်မယ်၊ ပစာကို့ ငါဟ ခမည်းတော်ဆေဟို သွားမယ် ဖြစ်အယ်။
ခဏကြာပင်းမှ လောကသားလို့ဟ ငါ့ဟို မျော်ကြရမယ် မဟုတ်သော်လည်း နင်လို့ဟ မျော်ကြရလိမ့်မယ်၊ ငါဟ အသက်ဆှင်သောကျောန့် နင်လို့ဟလည်း အသက်ဆှင်ရကြလိမ့်မယ်။
‘ငါ အခုသွားသော်လည်း နင်လို့ဆေဟို ပြန်လာဦးမယ်’ ဟု ငါပြောတာဟို နင်လို့ ကြားခဲ့ပီ။ နင်လို့ဟ ငါ့ဟို ချစ်ရင် ခမည်းတော်ဆေဟို ငါသွားမည်ဟို ဝမ်းမြောက်ကြလိမ့်မယ်၊ အကျောန်းမှာ ငါ့ခမည်းတော်ဟ ငါ့ထက် သာယွေ့ ကြီးမြတ်အယ်။
ငါဟ ခမည်းတော်ဆေဟို သွားမယ် ဖြစ်ယွေ့ နင်လို့ဟ ငါ့ဟို တွေ့မျော်ရတော့မှာ မဟုတ်သောကျောန့် သူလို့ရဲ့ မားယွင်းနေသောအရာဟို အမန်တရားအားဖြင့် ဖော်ပြမယ်။
ငါဟ ခမည်းတော်ဆေမှ ကြွလာယွေ့ ဟေလောကသို့ ကြွလာခဲ့အယ်။ အခု ဟေလောကမှ ထွက်ခွာယွေ့ ခမည်းတော်ဆေဟို ငါသွားတော့မယ်” ဟု မိန့်အယ်။
အဲလိုလဲ ငါ့ဟို စေလွှတ်သောသူဆေဟို အခု ငါ သွားရမယ်၊ နင်လို့ထဲဟ စသူမှ နင် ဖယ်နားသွားမို့လို့ ငါ့ဟို မမေးကြဝူး။
ငါဟ ဟေလောကနှိုက် ဆိတော့မှာ ဟုတ်ဝူး၊ သူလို့ဟတော့ ဟေလောကနှိုက် ဆိကြမယ်၊ ငါဟ ကိုယ်တော့်ဆေဟို လာအယ်။ သန့်ဆှင်းသော အဖ၊ သူလို့ဟ ငါလို့တိုင်းတိုင်း တလုံးတဝတည်းဖြစ်ကြရန် ငါ့အား ပေးသော ဟေသူလို့ဟို ကိုယ်တော်ရဲ့ နာမတော်နှိုက် စောင့်ဆှောက်မန့်။
အခုတွင် ငါဟ ကိုယ်တော်ဆေဟို သွားရမယ် ဖြစ်ယွေ့ ဟေသူလို့ဟ ငါ့ဟို အမှီပြုသဖြင့် ဝမ်းမြောက်ခြင်းနဲ့ ပြေ့စုံမဲ့အကျောန်း ဟေစကားဟို လောကနှိုက် ငါပြောအယ်။
ယေရှုဟလည်း “ငါဟ ခမည်းတော်ဆေဟို မတက်သွားရသေးလဲ့အတွက် ငါ့ဟို မထိနဲ့ဦး။ ငါ့ညီအကိုများဆေဟို သွားယွေ့ ‘ငါ့အဖဟူသော နင်လို့ရဲ့ ခမည်းတော်၊ ငါ့ ဘုရားသခင်ဟူသော နင်လို့ရဲ့ ဘုရားသခင်ဆေဟို ငါတက်သွားတော့မယ်’ ဟု သူလို့အား ပြောလော့” ဟု မိန့်အယ်။
ငါ့ဟို စေလွှတ်သော သူရဲ့အမှုဟို နေ့အချိန်နှိုက် ဆိစဉ် ငါလို့ လုပ်ရမယ်၊ စသူမျှ မလုပ်ဆောင်နိန်သော အချိန်တည်းဟူသော ညအချိန် ရောက်လာလိမ့်မယ်။