26 ကျေ့မန့်၊ သူဟ လူမျော်ကွင်းမှာ ဟောပြောလျက် သူလို့ဟ စလိုအရာဟိုမျှ မပြောကြသလော၊ ဟေသူဟ မေဆှိယဖြစ်ကျောန်းဟို အာဏာပိုင်လို့ဟ အမန်တကယ် သိဆိကြပီလော။
အဲပင်းရင် သူလို့ဟ မိမိလို့ရဲ့ တဘဲ့များဟို ဟေရုဒ်ရဲ့ ပါတီဝင်တချို့နဲ့အတူ အထံတော်ဟို စေလွှတ်ပင်းရင် “ဆရာ၊ ဆရာဟ သမ္မာတရားဟို ပြောကျောန်း ငါလို့သိအယ်။ တခြားသူများ စလိုထင်ကျောန်းဟို ဂရုမစိုက်ဘဲ လူလို့အတွက် ဘုရားသခင်ရဲ့ အလိုတော်အကျောန်း သမ္မာတရားဟို သွန်သင်အယ်။ ပစာကို့ စသူရဲ့ အဆင့်အတန်းဟိုမှ အလေးမထားပါ။
ပိလတ်မင်းဟ ယဇ်ပုရောဟိတ်ကြီးများ၊ ယုဒခေါင်းဆောင်များနဲ့ ယုဒအမျိုးသားများဟို စုဆုံစေအယ်။
ဖာရိရှဲလို့နဲ့ ကျမ်းတတ်ဆရာလို့ဟ မိမိလို့အတွက် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ဟို ငြင်းပယ်ယွေ့ ယောဟန်ဆေမှာ နှစ်ခြင်းဟို မခံပဲနေကြအယ်။
စလိုပင်ဖြစ်စေ အာဏာပိုင် အမြောက်အမြားပင် ယေရှုဟို ယုံကြည်လာကြအယ်၊ အဲလိုလဲ ဖာရိရှဲလို့ကျောန့် တရားဇရပ်မှ မောင်းထုတ်ခံရမယ်ဟို စိုးရိမ်ယွေ့ မိမိလို့ ယုံကြည်ကျောန်းဟို ထင်ဆှားစွာ ဝန်မခံကြ။
ယေရှုဟ “ငါသည် လူအပေါင်းလို့ ဆေ့တွင် အစဉ်ပွင့်လင်းစွာ ဟောပြောခဲ့အယ်၊ ယုဒအမျိုးသားအပေါင်းလို့ စုဝေးရာဖြစ်သော တရားဇရပ်များနဲ့ ဗိမာန်တော်တွင် ငါ သွန်သင်ခဲ့အယ်၊ ပစာခါမျှ လျှို့ဝှက်စွာ မပြောပီ။
ဖာရိရှဲလို့ အဖွဲ့ဝင်ဖြစ်သော နိကောဒင် နာမယ်ဆိသော ယုဒအမျိုးသား ခေါင်းဆောင်တယောက် ဆိအယ်။
“ငါ ပြုခဲ့သမျှသောအရာလို့ဟို ငါ့အား ပြောပြသူဟို လာပင်း ကျေ့ကြပါ။ သူဟ မေဆှိယ ဖြစ်လိမ့်မယ်လော” ဟု လူလို့အား ဆိုအယ်။
ယေရုရှလင်မြို့သား အချို့လို့ဟ “ဟေသူဟို အာဏာပိုင်လို့ သတ်ရန် ကြိုးစားနေကြတာ မဟုတ်လော။
အဲလိုလဲ လူအုပ်ထဲမှ လူအများပင် ကိုယ်တော်ဟို ယုံကြည်လာကြပင်း “မေဆှိယ ကြွလာသောအခါ အေးသူပြုတာထက် ပိုယွေ့ များသော နိမိတ်လက္ခဏာလို့ဟို ပြုမယ်လော” ဟု ဆိုကြအယ်။
ခေါင်းဆောင်လို့ အဲဟာမဟုတ်ရင် ဖာရိရှဲလို့တွင် သူ့ဟို ယုံကြည်ခဲ့သောသူ တဦးတယောက် ဆိသလော။
သူ့ရဲ့ မိဘဟ ဟေလို့ဖြေရခြင်းဟာ ယုဒအာဏာပိုင်လို့ဟို ကြောက်သောကျောန့် ဖြစ်အယ်၊ ယေရှုအား မေဆှိယအဖြစ် ဝန်ခံသောသူ စသူဟိုမဆို တရားဇရပ်မှ မောင်းထုတ်ခံရမယ် ဟု ယုဒလူလို့ဟ သဘောတူဆုံးဖြတ်ပင်း ဖြစ်အယ်။
ပေတရုနဲ့ ယောဟန်လို့ဟ ပညာမတတ်သူ၊ သာမန် လူများသာဖြစ်လျက်နဲ့ စလောက် ရဲရင့်ကြတာဟို တရားလွှတ်တော်အဖွဲ့ဝင်လို့ မျော်ကြသောအခါ ရမ်းဆာ့အံ့ဩကြအယ်။ အေးသူနေဦးလို့ဟ ယေရှုရဲ့ အပေါင်းအဖော်များ ဖြစ်ခဲ့ကြတာဟိုလည်း သတိပြုမိကြအယ်။
ငါဟ တုတ်ချေခံနေရစဉ်တွင် ရမ်းဆာ့သော ယုံကြည်သူလို့ဟ သခင်ဘုရားဟို ပိုမို ယုံကြည်လာကြအယ်။ အဲလိုမို့ သူလို့ဟ နှုတ်ကပတ်တရားဟို မကြောက်မရွံ့ ဟောပြောရန် အချိန်တိုင်း ရဲရင့်လာစေအယ်။