50 အဲလိုလဲ ဟေမုန့်ဟို စားသုံးသောသူဟ သေခြင်းနဲ့ ကင်းလွတ်မဲ့အကျောန်း ခေါန်းခင်ဘုံမှ ဆင်းသက်သော မုန့်ဖြစ်အယ်။
ခေါန်းခင်မှ ဆင်းသက်လာသော လူသားမှတပါး စသူမျှ ခေါန်းခင်ဘုံသို့ မရောက်ဖူးကြ” မိန့်အယ်။
သားတော်ဟို ယုံကြည်သူဟ ထာဝရ အသက်ဟို ရအယ်၊ သားတော်ရဲ့ စကားဟို မနာခံသောသူဟတော့ အသက်ဟို မရဘဲ ဘုရားသခင်ရဲ့ အမျက်တော်ဟ သူ့အပေါ်နှိုက် တည်လိမ့်မယ်။
“နင်လို့အား ငါ အမန်ဆိုတာဟ ငါရဲ့စကားဟို ကြားယွေ့ ငါ့ဟို စေလွှတ်သောသူဟို ယုံကြည်သောသူဟ ထာဝရအသက်ဟို ရအယ်။ သူလို့ဟ တရားစီရင်ခြင်းဟို မခံရဘဲ သေခြင်းမှ အသက်ဆှင်ခြင်းဟို ကူးမြောက်သောသူ ဖြစ်အယ်။
အကျောန်းမှာ ဘုရားသခင်ရဲ့ မုန့်ဟ ခေါန်းခင်မှ ဆင်းသက်ယွေ့ လောကီသားလို့အား အသက်ဟို ပေးသောသူ ဖြစ်အယ်” ဟု မိန့်အယ်။
သူလို့ဟလည်း “ဟေသူဟ ယောသပ်ရဲ့ သား ယေရှု မဟုတ်လော၊ သူ့မိဘများဟို ငါလို့သိကြတာ မဟုတ်လော၊ အခု သူဟ ပစာကျောန့် ‘ငါဟ ခေါန်းခင်ဘုံမှ ဆင်းသက်လာအယ်’ ဟု ဆိုရတုန်း” ဟု ပြောကြအယ်။
နင်လို့အား ငါ အမန်ဆိုတာဟ ငါ့ဟို ယုံကြည်သောသူဟ ထာဝရ အသက်ဟို ရအယ်။
ငါဟ ခေါန်းခင်မှ ဆင်းသက်သော အသက်မုန့် ဖြစ်အယ်။ စသူမဆို ဟေမုန့်ဟို စားရင် ထာဝရ အသက်ဆှင်လိမ့်မယ်။ လောကီသားလို့ အသက်ဆှင်ဖို့ ငါပေးလဲ့မုန့်ဟ ငါရဲ့အသား ဖြစ်အယ်” ဟု မိန့်အယ်။
ဟေဟာဟ ခေါန်းခင်ဘုံမှ ဆင်းသက်သော မုန့်ဖြစ်အယ်။ နင်လို့ ဖိုးဘေးများ စားသုံးခဲ့လဲ့ မုန့်လိုမျိုး မဟုတ်ဘဲ၊ အေးမုန့်ဟို စားလဲ့သူဟလည်း နောက်မှာ သေကြရအယ်။ ဟေမုန့်ဟို စားသောသူဟ အစဉ်မပြတ် အသက်ဆှင်လိမ့်မယ်” ဟု မိန့်လေအယ်။
နင်လို့အား ငါ အမန်ဆိုအယ် ငါ့စကားဟို နာခံသောသူဟ သေခြင်းနဲ့ အစဉ်မပြတ် ကင်းလွတ်လိမ့်မယ်” ဟု မိန့်လေအယ်။
အဲလိုလဲ ခရစ်တော်ဟ နင်လို့အထဲနှိုက် ဆိရင်၊ ခန္ဓာကိုယ်ဟ အပစ်ကျောန့် အသေဖြစ်သော်လည်း ဝိညာဉ်ဟတော့ ဖြောင့်မတ်ခြင်းကျောန့် အသက်ဆှင်လျက် ဆိအယ်။