40 သားတော်ဟို ဖူးမျော်ယွေ့ ယုံကြည်လာသူအပေါင်းလို့ဟ ထာဝရအသက်ဟို ရစေရန် ငါ့ခမည်းတော် အလိုတော် ဆိအယ်၊ ငါဟလည်း သူလို့အား နောက်ဆုံးသောနေ့နှိုက် ဆှင်ပြန်ထမြောက်စေမယ်” ဟု မိန့်လေအယ်။
အမန်အကန် နင်လို့အား ငါပြောတာဟ တရားစီရင်ရာနေ့နှိုက် အဲမြို့ဟ သောဒုံမြို့နဲ့ ဂေါမောရမြို့လို့ထက် ပိုပင်း အပစ်ဒဏ် ခံရလိမ့်မယ်။
အေးကျောန့် အေးသူလို့ဟ ထာဝရအပစ်ဒဏ် ခံရကြပေမဲ့ ဖြောင့်မတ်သောလို့ဟတော့ ထာဝရ အသက်ဆှင်ခြင်းဟို ဝင်စားရကြလိမ့်မယ်” ဟု မိန့်အယ်။
ယုံကြည်ယွေ့ နှစ်ခြင်းဟို ခံသောသူဟ ကယ်တင်ခြင်းဟို ရောက်လိမ့်မယ်၊ မယုံကြည်သောသူဟ အပစ်စီရင်ခြင်း ခံရလိမ့်မယ်။
ကိုယ်တော်ရဲ့ ကယ်တင်ခြင်းဟို ငါ့မျက်စေ့နဲ့ မျော်ရပါပီ၊
နှုတ်ကပတ်တော်ဟ လူသားအဖြစ် ခံယူယွေ့ ကျေးဇူးတော်နဲ့ သမ္မာတရားဟို ပြေ့စုံလျက် ငါလို့ထဲတွင် ကျိန်းဝပ်အယ်။ ငါလို့ဟ ကိုယ်တော်ရဲ့ ဘုန်းအသရေဟို မျော်ကြရအယ်၊ အဲဘုန်းအသရေဟ ခမည်းတော်ရဲ့ တပါးတည်းသော သားတော်အဖြစ် ခံယူရဆိလဲ့ ဘုန်းအသရေ ဖြစ်အယ်။
ငါဟ သူလို့အား ထာဝရအသက်ဟို ပေးယွေ့ သူလို့ဟ သေခြင်းနဲ့ အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မယ်။ စသူမျှ အဲသိုးလို့ဟို ငါ့လက်မှ လုယူယွေ့ မရနိန်။
မာသဟ “နောက်ဆုံးသောနေ့နှိုက် သေသောသူလို့ ဆှင်ပြန်ထမြောက်သောကာလတွင် သူဟ အသက်ပြန်ယွေ့ ဆှင်မည်ဟို ကျွန်မသိအယ်” ဟု ဖြေအယ်။
ယေရှုဟ “ငါဟ ထမြောက်ခြင်းနဲ့ အသက်ဆှင်ခြင်းအကျောန်း ဖြစ်အယ်။ ငါ့ဟို ယုံကြည်သောသူဟ သေသော်လည်း ဆှင်လိမ့်မယ်။
ငါ့ဟို မျော်သောသူဟ ငါ့ဟို စေလွှတ်သောသူဟိုလည်း မျော်တတ်အယ်။
ခမည်းတော်ရဲ့ အမိန့်ဟ ထာဝရအသက်ရစေတာဟို ငါသိအယ်။ အဲလိုမို့ ခမည်းတော် ပြောစေလိုလဲ့အတိုင်း ငါ ဟောပြောအယ်” ဟု ဟေလိုကြီးသောအသံနဲ့ ကြွေးကြော်အယ်။
သူဟ ဘုရားသခင်အကျောန်းဆိုင်ရာ သမ္မာတရားဟို ဖော်ပြသော ဝိညာဉ်တော် ဖြစ်အယ်။ လောကီသားလို့ဟ အေးဝိညာဉ်တော်ဟို မျော်လည်း မမျော်၊ သိလည်းမသိသဖြင့် မခံမယူနိုင်။ အဲလိုလဲ ဝိညာဉ်တော်ဟ နင်လို့နဲ့အတူ တည်နေယွေ့ နင်လို့နှိုက် ဆိသောကျောန့် နင်လို့ သိကြအယ်။
ခဏကြာပင်းမှ လောကသားလို့ဟ ငါ့ဟို မျော်ကြရမယ် မဟုတ်သော်လည်း နင်လို့ဟ မျော်ကြရလိမ့်မယ်၊ ငါဟ အသက်ဆှင်သောကျောန့် နင်လို့ဟလည်း အသက်ဆှင်ရကြလိမ့်မယ်။
အကျောန်းမှာ ကိုယ်တော်ဟ သားတော်အား လူအားလုံးဟို အုပ်စိုးရသောအခွင့်ဟို ပေးပီ၊ ဟေဟာဟ သားတော်သည် ကိုယ်တော်ပေးအပ်သမျှသောသူလို့အား ထာဝရအသက်ဟို ပေးနိန်ရန်အတွက် ဖြစ်အယ်။
သားတော်ဟို ယုံကြည်သူဟ ထာဝရ အသက်ဟို ရအယ်၊ သားတော်ရဲ့ စကားဟို မနာခံသောသူဟတော့ အသက်ဟို မရဘဲ ဘုရားသခင်ရဲ့ အမျက်တော်ဟ သူ့အပေါ်နှိုက် တည်လိမ့်မယ်။
အဲလိုလဲ ငါပေးလဲ့ ယေဟို သောက်သူဟ နောက်တဖန် ဖယ်တော့မှ ယေငတ်ခြင်းနဲ့ ကင်းလွတ်လိမ့်မယ်။ အမန်တကယ် ငါပေးလဲ့ ယေဟ အဲသူလို့နှိုက် ထာဝရ အသက်ဆှင်ခြင်းအလိုငှာ ထွက်သောစမ်းယေ ဖြစ်လိမ့်မယ်” ဟု မိန့်လေအယ်။
“နင်လို့အား ငါ အမန်ဆိုတာဟ ငါရဲ့စကားဟို ကြားယွေ့ ငါ့ဟို စေလွှတ်သောသူဟို ယုံကြည်သောသူဟ ထာဝရအသက်ဟို ရအယ်။ သူလို့ဟ တရားစီရင်ခြင်းဟို မခံရဘဲ သေခြင်းမှ အသက်ဆှင်ခြင်းဟို ကူးမြောက်သောသူ ဖြစ်အယ်။
ပုပ်ပျက်တတ်သော အစားအစာအတွက် မဟုတ်ဘဲ လူသားဟ နင်လို့ဟို ပေးမဲ့ ထာဝရ အသက်တိုင်အောန် တည်မြဲသော အစားအစာအတွက် လုပ်ဆောင်ကြလော့။ အကျောန်းမှာ ခမည်းတော် ဘုရားသခင်ဟ အဲလူသားဟို အသိအမှတ်ပြုအယ်” ဟု မိန့်အယ်။
ငါ့ဟို စေလွှတ်သောသူရဲ့ အလိုတော်မှာ ကိုယ်တော်ပေးထားသော သူအပေါင်းလို့တွင် တစုံတယောက်မျှ ငါမဆုံးရှုံးဘဲ နောက်ဆုံးသောနေ့နှိုက် ဆှင်ပြန်ထမြောက်ရန် ဖြစ်အယ်။
“ငါ့ဟို စေလွှတ်သော ခမည်းတော် မပို့ဆောင်ရင် စသူမှ ငါ့ဆေဟို မလာနိန်၊ ငါ့ဆေ လာသောသူဟို ငါဟ နောက်ဆုံးသောနေ့နှိုက် ဆှင်ပြန်ထမြောက်စေမယ်။
ငါ့အသားဟို စားယွေ့ ငါ့အသွေးဟို သောက်သောသူဟ ထာဝရအသက်ဟို ရအယ်၊ ငါဟလည်း နောက်ဆုံးသောနေ့နှိုက် အေးသူအား ဆှင်ပြန်ထမြောက်စေမယ်။
နင်လို့အဖ အာဗြဟံဟ ငါကြွလာမဲ့ အချိန်ကာလဟို မျော်ဖို့ ရမ်းဆာ့ အလိုဆိအယ်။ မျော်ရသောအခါ ဝမ်းမြောက်ခြင်းဟို ရောက်ရလိမ့်မယ်” ဟု မိန့်လေအယ်။
အဲလို့မို့ အပစ်တရားဟ သေခြင်းအားဖြင့် အစိုးရလဲ့အတိုင်း၊ ကျေးဇူးတော်ဟလည်း ဖြောင့်မတ်ခြင်းအားဖြင့် အစိုးရယွေ့ ငါလို့ သခင် ယေရှု ခရစ်အားဖြင့် ထာဝရအသက်ဟို ရဆိစေရန် ဖြစ်အယ်။
အကျောန်းမှာ အပစ်တရားရဲ့ အခဟ သေခြင်းဖြစ်ပေမဲ့ ဘုရားသခင်ရဲ့ အလကားကား လက်ဆောင်ဟ ငါလို့ အဆှင် ခရစ်တော် ယေရှုနဲ့ တလုံးတဝတည်းဖြစ်ခြင်းအားဖြင့် ရဆိလဲ့ ထာဝရ အသက် ဖြစ်အယ်။
“မိုက်ထဲမှ အလင်း ပေါ်ထွန်းလိမ့်မယ်” ဟု မိန့်သော ဘုရားသခင်ဟ ခရစ်တော်ရဲ့ မျက်နှာနှိုက် ထွန်းလင်းလဲ့ ဘုရားသခင်ရဲ့ ဘုန်းတော်ဟို သိသောအလင်းရောင်အား ငါလို့ရဲ့ စိတ်နေလုံးထဲနှိုက် ထွန်းလင်းစေအယ်။
ယုံကြည်ခြင်းဟ မျော်လင့်သောအရာလို့ဟို စိတ်ချမှုဆိခြင်းနဲ့ မမျော်ရသောအရာလို့ဟို သိမှတ်စွဲလမ်းခြင်း ဖြစ်အယ်။
မောရှေဟ ယုံကြည်ခြင်းအားဖြင့် ဆှင်ဘုရင်ရဲ့ အမျက်တော်သင့်မယ်ဟို မကြောက်ဘဲ အဲဂုတ္တုပြေမှ ထွက်ခွာခဲ့အယ်၊ သူဟ မျက်စေ့ဖြင့် မတွေ့မျော်နိန်သော ဘုရားသခင်အား တွေ့မျော်ရသလို နောက်မဆုတ်ဘဲ နေအယ်။
နင်လို့ဟ အေးသခင်ဟို မမျော်ဖူးသော်လည်း သူ့ဟို ချစ်ကြအယ်။ အေးသူဟ အခု မမျော်ဖူးသော်လည်း ယုံကြည်ကြပင်း ပြောယွေ့ မမီနိန်သော ဝမ်းမြောက်ခြင်းဖြင့် ရွင်မြူးကာ ဘုန်းတော်ဟို ချီးမွမ်းလျက်
ဟေဟာဟ ငါလို့အား ခရစ်တော်တတ်တိုင်း ကတိထားသော ထာဝရ အသက် ဖြစ်အယ်။
ဘုရားသခင်ရဲ့ မေတ္တာတော်နှိုက် မိမိကိုယ်ဟို စောင့်ထိန်းယွေ့ ထာဝရအသက်ဟို ပို့ဆောင်လျက် ငါလို့ သခင် ယေရှု ခရစ်တော်ရဲ့ ကရုဏာတော်ဟို စောင့်မျှော်ကြလော့။