36 အခု နင်လို့ဟ ငါ့ဟို မျော်ကြသော်လည်း မယုံကြည်ကြဟု ငါ ဆိုခဲ့ပီ။
အာဗြဟံဟ ‘သူလို့ဟ မောရှေနဲ့ ပရောဖက်တွေရဲ့ စကားဟို နားမထောင်ရင် တစုံတယောက်ဟ သေခြင်းဟနေ ထမြောက်လာရင်လည်း ယုံကြည်နိန်မှာ ဟုတ်ဝူး’ ” ဟု ပြောအယ်။
ယေရှုဟ ရမ်းဆာ့သော နိမိတ်လက္ခဏာလို့ဟို သူလို့မျက်မှောက်နှိုက် ပြသော်လည်း သူလို့ဟ ကိုယ်တော်ဟို မယုံကြည်ကြ။
ငါဟ အခြားစသူမျှ မပြုဖူးသောအမှုဟို သူလို့ဆေ့မှာ မပြုခဲ့ရင် သူလို့နှိုက် အပစ်မဆိ၊ အခုမှာ သူလို့ဟ အေးအမှုများဟို မျော်ရကြပင်း ငါနဲ့ ငါ့ခမည်းတော်ဟို မုန်းကြအယ်။
ယေရှုဟ “နင်လို့အား ငါ အမန်ဆိုတာဟ နင်လို့ ငါ့ဟို ဆာကြခြင်းမှာ ငါပြလဲ့ နိမိတ်လက္ခဏာများဟို မျော်ရသောကျောန့် မဟုတ်၊ မုန့်ဟို စားယွေ့ ဝသောကျောန့်သာ ဖြစ်အယ်။
အဲသူလို့ဟ “အဲလိုမို့ ငါလို့ မျော်ယွေ့ ကိုယ်တော်ဟို ယုံကြည်နိန်စေရန် ပစာ နိမိတ်လက္ခဏာဟို ပြရမှာတုန်း၊ ပစာအမှုဟို လုပ်ဆောင်ရမှာတုန်း၊
ငါ့အား ခမည်းတော် ပေးသောသူအပေါင်းလို့ဟ ငါ့ဆေဟို လာကြလိမ့်မယ်။ ငါ့ဆေ လာသောသူဟို ငါဟ ပစာအခါမျှ ပစ်ပယ်လိမ့်မယ် မဟုတ်၊
သားတော်ဟို ဖူးမျော်ယွေ့ ယုံကြည်လာသူအပေါင်းလို့ဟ ထာဝရအသက်ဟို ရစေရန် ငါ့ခမည်းတော် အလိုတော် ဆိအယ်၊ ငါဟလည်း သူလို့အား နောက်ဆုံးသောနေ့နှိုက် ဆှင်ပြန်ထမြောက်စေမယ်” ဟု မိန့်လေအယ်။
အဲလိုလဲ နင်လို့တွင် မယုံကြည်သောသူအချို့ ဆိအယ်” ဟု မိန့်လေအယ်။ အဲလို မိန့်လဲ့အကျောန်းမှာ မယုံကြသောသူလို့ဟ စသူလို့ဖြစ်ကြတာဟို လည်းကောင်း၊ မိမိဟို သစ္စာဖောက်မဲ့သူဟ စသူဖြစ်တာဟို ယေရှုဟ အစဦးဟပင် သိသောကျောန့် ဖြစ်အယ်။