46 မောရှေဟ ငါအကျောန်းဟို ရေးထားတာဖြစ်ယွေ့ နင်လို့ဟ မောရှေဟို ယုံကြည်ခဲ့ရင် ငါ့ဟိုလည်း ယုံကြည်ကြလိမ့်မယ်။
အဲပင်းရင် ယေရှုဟ မောရှေကျမ်းမှ အစပြုယွေ့ ပရောဖက် ကျမ်းအားလုံးတွင် ကိုယ်တော်အကျောန်းနဲ့ ပတ်သက်လဲ့ ကျမ်းစာများဟို အေးသူနေယောက်လို့ဟို ဆှင်းလင်း ပြောပြလေအယ်။
ဖိလိပ္ပုဟ နာသနေလဟို တွေ့သဖြင့် “မောရှေရဲ့ ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းများတွင်လည်း ရေးသားဖော်ပြထားသူဟို ငါလို့ တွေ့ပီ။ အေးသူဟ ယောသပ်ရဲ့ သား၊ နာဇရက်မြို့မှ ယေရှု ဖြစ်အယ်” ဟု ဆိုအယ်။
အဲလိုလဲ နင်လို့ဟ မောရှေ ရေးသားဖော်ပြချက်များဟို မယုံကြည်ကြသဖြင့် စလို ငါ့စကားဟို ယုံနိန်ကြမှာတုန်း” ဟု မိန့်လေအယ်။
အဲလိုလဲ ငါဟ ဘုရားသခင်ရဲ့ ကူညီမစခြင်းဟို ခံစားရယွေ့ ခုနေ့တိုင်အောန် ရပ်လျက် လူကြီး လူငယ်လို့အား သက်သေခံနေအယ်။ အေးလို့ သက်သေခံရာနှိုက် နောင်တွင် ဖြစ်ပျက်မယ်ဟု မောရှေနဲ့ ပရောဖက်လို့ ဟောပြောခဲ့လဲ့အရာများမှတပါး အခြားစလိုအရာဟိုမှ မပြောဆိုခဲ့ပါ။
ယုံကြည်သောသူ အပေါင်းလို့ဟ ဖြောင့်မတ်ခြင်း ရဆိရန် ပညတ်တရားဟ ခရစ်တော်အားဖြင့် ပြေ့စုံစေအယ်။
အေးလိုမို့ ငါဟ ဘုရားသခင်နှိုက် အသက်ဆှင်ရန် အလို့ငှာ ပညတ်တရားအားဖြင့် အသေသတ်ခြင်းဟို ခံရပါအယ်။ ငါဟ ခရစ်တော်နဲ့အတူ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းဟို ခံရပီ။
ပညတ်တရားဟို နာခံခြင်းအပေါ် မှီခိုသောသူများဟ ကျိန်ခြင်းအောက်တွင် နေထိန်ကြအယ်။ အကျောန်းမှာ ကျမ်းစာပြောတာဟ “ပညတ်တရားကျမ်းနှိုက် ရေးထားသမျှသောအရာလို့ဟို အမြဲမနာခံသောသူဟ ဘုရားသခင်ရဲ့ ကျိန်ခြင်းအောက်နှိုက် ဆိအယ်။”
အဲလိုလဲ ငါလို့အတွက် ကျိန်ခြင်းခံရခြင်းအားဖြင့် ခရစ်တော်ဟ ငါလို့ဟို ပညတ်တရားရဲ့ ကျိန်ခြင်းမှ ရွေးနှုတ်အယ်။ အကျောန်းမှာ ကျမ်းစာပြောတာဟ “သစ်တိုင်ပေါ်မှာ ဆွဲခြင်းခံရသူတိုင်း ဘုရားသခင်ရဲ့ ကျိန်ခြင်းဟို ခံရအယ်။”
အေးလိုမို့ ယုံကြည်ခြင်းအားဖြင့် ငါလို့ဟ ဘုရားသခင်ဆေ့နှိုက် ဖြောင့်မတ်အယ်လို့ ငါလို့အသိအမှတ်ပြု ခံရရန် ငါလို့ဟို ခရစ်တော် မကြွလာခင်အချိန်ထိ ပညတ်တရားဟ ငါလို့ရဲ့ အုပ်ထိန်းသူ ဖြစ်အယ်။