45 ငါဟ နင်လို့အား ခမည်းတော်ရဲ့ ဆေ့တော်နှိုက် အပစ်တင်စွပ်စွဲလိမ့်မယ်ဟု မထင်ကြနဲ့။ နင်လို့အား အပစ်တင်မဲ့သူဟ နင်လို့ ကိုးစားသော မောရှေပင် ဖြစ်အယ်။
အာဗြဟံဟ ‘နင့်ညီတွေဟို သတိပေးဖို့ မောရှေနဲ့ ပရောဖက်များ ဆိနေဝဲ့။ သူလို့ရဲ့ စကားဟို နားထောင်ကြမန့်စေ’ ဟု ပြောအယ်။
ငါ့ဟို ပစ်ပယ်ယွေ့ ငါ့စကားဟို မနာခံသောသူအား စီရင်သောသူတယောက် ဆိသေးအယ်။ ငါ ဟောပြောသောစကားပင် အဲသူဟို နောက်ဆုံးသောနေ့နှိုက် တရားသူကြီးအဖြစ်နဲ့ တရားစီရင်လိမ့်မယ်။
မောရှေဟ နင်လို့အား ပညတ်တရားဟို ပေးတာ မဟုတ်လော၊ အဲလိုလဲ နင်လို့တွင် အဲပညတ်တရားဟို နားထောင်သောသူ တစုံတယောက်မျှ မဆိ။ နင်လို့ဟ ငါ့ဟို သတ်ရန် ပစာကျောန့် ဆှာကြတုန်း” ဟု ဖြေအယ်။
အဲသူလို့ဟ အဲအရာဟို ကြားသောအခါ အသက်ကြီးသူများဟ အစပြုယွေ့ တယောက်ပင်းတယောက် ထွက်သွားကြအယ်။ အဲနေရာတွင် မတ်တတ်ရပ်လျက်နေသော မိန်းမနဲ့အတူ ယေရှု တယောက်ထဲ ကျန်ခဲ့အယ်။
ပညတ်တရား မဆိဘဲ အပစ်လုပ်ကြသောသူ စသူမဆို ပညတ်တရား မပါဘဲ ပျက်စီးရကြမယ် ဖြစ်အယ်၊ ပညတ်တရားဆိလဲ့ ယုဒအမျိုးနှိုက် အပစ်ကျူးလွန်လဲ့အခါ သူလို့ဟ ပညတ်တရားရဲ့ စီရင်ခြင်းဟို ခံရလိမ့်မယ်။
ပညတ်တရားဟို နာခံခြင်းအပေါ် မှီခိုသောသူများဟ ကျိန်ခြင်းအောက်တွင် နေထိန်ကြအယ်။ အကျောန်းမှာ ကျမ်းစာပြောတာဟ “ပညတ်တရားကျမ်းနှိုက် ရေးထားသမျှသောအရာလို့ဟို အမြဲမနာခံသောသူဟ ဘုရားသခင်ရဲ့ ကျိန်ခြင်းအောက်နှိုက် ဆိအယ်။”