42 အဲလိုလဲ နင်လို့အကျောန်းဟို ငါ သိအယ်။ နင်လို့စိတ်နေလုံးတွင် ဘုရားသခင်ဟို ချစ်ခြင်း မဆိကြ။
ယေရှုဟ အေးသူလို့အား၊ “နင်လို့ဟ လူလို့ဆေ့မှာ မိမိတတ်တိုင်း ဖြောင့်မတ်ကျောန်း ဖော်ပြတတ်သူများ ဖြစ်ကြအယ်၊ အဲလိုလဲ ဘုရားသခင်ဟ နင်လို့ရဲ့ စိတ်နေလုံးဟို သိဆိအယ်။ လူလို့ အမြတ်တနိုးထားသောအရာဟ ဘုရားသခင်ရဲ့ ဆေ့နှိုက် စက်ဆုပ်ဖွယ် ဖြစ်အယ်။
ကိုယ်တော်ဟ သူလို့ရဲ့ စိတ်နေလုံးဟို သိသောကျောန့် ကိုယ်တော်အား လူ့အကျောန်းဟို စသူမှ ပြောရန် မလို။
ယေရှုဟ “ယောဟန်ရဲ့သား ရှိမုန်၊ နင်ဟ ငါ့ဟို ချစ်သလော” ဟု တတိယအကြိမ် မေးအယ်။ ပေတရုဟ ဝမ်းနည်းသောကျောန့် “သခင်ဘုရား၊ ကိုယ်တော်ဟ အရာခပ်သိမ်းဟို သိအယ်၊ ကိုယ်တော်အား ငါ ချစ်တာဟို ကိုယ်တော် သိမန့်အယ်” ဟု ပြောအယ်။ ယေရှုဟ သူ့အား ဆိုအယ် “ငါ့သိုးလို့ဟို ထိန်းလော့။
“ငါဟ လူလို့ဆေမှရသော ဘုန်းအသရေဟို မခံမယူ၊
ငါဟ ခမည်းတော်ရဲ့ အခွင့်အာဏာနဲ့ ရောက်ဆိလာသော်လည်း နင်လို့ဟ ငါ့ဟို လက်မခံကြ၊ အခြားသူတဦးတယောက်ဟ ကိုယ်ပိုင်အခွင့်အာဏာနဲ့ ရောက်ဆိလာပါမူ နင်လို့ လက်ခံကြလိမ့်မယ်။
နင်လို့ဟ အခြားသူတယောက်ရဲ့ ဘုန်းအသရေဟို လက်ခံလိုကြအယ်၊ အဲလိုလဲ တဆူတည်းဆိသော ဘုရားသခင်ရဲ့ ချီးမွမ်းဂုဏ်ပြုခြင်းဟို ခံရရန် မကြိုးစားကြ၊ အဲလိုမို့ နင်လို့ဟ ငါ့ဟို စလို ယုံကြည်နိန်ကြမှာတုန်း။
ယေရှုဟ “ဘုရားသခင်သည် နင်လို့ရဲ့ အဖမန်ရင် နင်လို့ဟ ငါ့ဟို ချစ်ကြလိမ့်မယ်၊ ငါဟ ဘုရားသခင်ဆေမှ လာယွေ့ အခု ဟေအရပ်ဟို ရောက်ဆိနေအယ်။ ကိုယ်ပိုင်အခွင့်အာဏာအရ လာတာ မဟုတ်၊ အဲလိုလဲ ကိုယ်တော်ဟ ငါ့ဟို စေလွှတ်အယ်။
ဘုရားသခင်နဲ့ စပ်ဆိုင်သောသူဟ ဘုရားသခင်ရဲ့ စကားဟို နားထောင်တတ်အယ်။ နင်လို့ဟ ဘုရားသခင်နဲ့ မစပ်ဆိုင်သောကျောန့် နားမထောင်ကြ” ဟု မိန့်လေအယ်။
ဘုရားသခင်ဟို နင်လို့ မသိကြသော်လည်း ငါဟတော့ သူ့ဟို သိအယ်။ အေးအဆှင်ဟို ငါမသိဟု ပြောရင် နင်လို့လိုမျိုး ဝါလဲ့သူဖြစ်လိမ့်မယ်။ အဲလိုလဲ ငါဟ အေးအဆှင်ဟို သိယွေ့ သူ့ရဲ့စကားဟိုလည်း ငါနားထောင်အယ်။
လူ့ဇာတိနဲ့ဆိုင်သော စိတ်ဟ ဘုရားသခင်နဲ့ ဆန့်ကျင်ဖက်ဖြစ်အယ်။ ဘုရားသခင်ရဲ့ ပညတ်တရားဟို မနာခံတတ်၊ အဟုတ်တတ်လည်း မလိုက်ဆှောက်နိန်။
လောကဟို လည်းကောင်း၊ လောကနှိုက် ဆိသောအရာလို့ဟို လည်းကောင်း မချစ်ကြနဲ့။ စသူမဆို လောကဟို ချစ်ရင် ခမည်းတော်ရဲ့ ချစ်ခြင်းမေတ္တာဟ အဲသူနှိုက် မဆိ။
တစုံတဦးဟ လောကီစည်းစိမ် ဆိလျက်နဲ့ မိမိညီအကို မောင်နှမ ဆင်းရဲချို့တဲ့နေတာဟို မျော်ယွေ့ မိမိရဲ့ သနားခြင်း ကရုဏာစိတ်ဟို ချုပ်တည်းထားရင် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ အဲသူနှိုက် စလိုတည်မလုန်း။
ဘုရားသခင်ဟို ချစ်တာဟု ဆိုလျက် ညီအကို မောင်နှမဟို မုန်းရင် အဲသူဟ ဝါသောသူဖြစ်အယ်။ မျော်ရသော မိမိညီအကို မောင်နှမဟို မချစ်သောသူဟ မမျော်ရသော ဘုရားသခင်ဟို မချစ်နိန်။
သူရဲ့ လူပဲ့သငယ်လို့ဟိုလည်း သေဘေးဖြင့် ငါ အဆုံးစီရင်မယ်။ အဲအခါ ငါဟ စိတ်နေလုံးနဲ့ အတွင်းသဘောဟို စစ်ဆေးသောသူဖြစ်ကျောန်း အသင်းတော်အားလုံး သိရကြလိမ့်မယ်။ နင်လို့အသီးသီးဟိုလည်း မိမိလို့ ပြုသောအမှုများနဲ့အညီ အကျိုးအပစ်ဟို ငါ ပေးမယ်။