35 ယောဟန်ဟ တောက်လောင်ယွေ့ ထွန်းလင်းသော မီးဖူးလိုမျိုး ဖြစ်အယ်၊ နင်လို့ဟ သူရဲ့ အလင်းနှိုက် ခဏသာပျော်မွေ့ လိုကြအယ်။
နင်လို့အား ငါ အမန်ပြောတာဟ၊ နှစ်ခြင်းဆရာယောဟန်သည် အသက်ဆှင်ခဲ့ဖူးသူတိုင်းထက် ပိုပင်းကြီးမြတ်အယ်။ အဲလိုလဲ ခေါန်းခင်နိုင်ငံတော်နှိုက် အသိမ်ငယ်ဆုံးသောသူဟ ယောဟန်ထက် ကြီးမြတ်အယ်။
အဲလိုလဲ ‘လူလို့ဆေမှ ဖြစ်အယ်’ ဟု ငါလို့ပြောရင် လူလို့ဟို ငါလို့ ကြောက်ရအယ်။ အကျောန်းမှာ သူလို့အားလုံးဟ ယောဟန်ဟို ပရောဖက်တပါးအဖြစ် မှတ်ယူကြအယ်” ဟု ပြောဆိုကြအယ်။
ရမ်းဆာ့သော ယုဒနယ်တနယ်လုံးဆိ လူအပေါင်းလို့နဲ့ ယေရုရှလင်မြို့မှ လူအားလုံးလို့ဟ ယောဟန်ဆေသို့ ကြားနာဖို့ သွားကြကုန်အယ်။ မိမိလို့ အပစ်များဟို ပြောပြဝန်ခံပင်း ယော်ဒန်မြစ်တွင် ယောဟန်ဆေမှာ နှစ်ခြင်းဟို ခံယူကြအယ်။
ယောဟန်ဟ ဖြောင့်မတ် သန့်ဆှင်းသောသူဖြစ်ကျောန်းဟို ဟေရုဒ် သိသဖြင့် ကြောက်ယွေ့၊ သူ့အား ဘေးမဲ့လုံခြုံစွာ ထားအယ်။ ဟေရုဒ်ဟ ယောဟန်ရဲ့ သွန်သင်ချက်များဟို ကြားနာရလဲ့ အချိန်တိုင်း စိတ်အနှောင့်အယှက် ဖြစ်တတ်သော်လည်း နှစ်သက်စွာ နားထောင်အယ်။
ယေရှုဟ ငါအမန်ဆိုတာမှာ “မိန်းမမှ မွေးသောသူလို့တွင် ယောဟန်ထက် ကြီးမြတ်သောသူ တယောက်မျှ မဆိ။ အဲလိုလဲ ဘုရားသခင်ရဲ့ နိုင်ငံတော်တွင် အငယ်ဆုံးသောသူဟ ယောဟန်ထက် ပိုပင်း ကြီးမြတ်အယ်” ဟု မိန့်အယ်။
အဲအချိန်မှစယွေ့ တဘဲ့တော်လို့ထဲမှ အများစုဟ ပြန်လှည့်သွားပင်း ကိုယ်တော်နဲ့အတူ မလိုက်ပါတော့ဘဲ နေကြအယ်။
အေးအပြင် ငါလို့နှိုက် ပိုပင်း ခိုင်လုံသော ပရောဖက်လို့ရဲ့ စကားလည်း ဆိအယ်။ နင်လို့ရဲ့ စိတ်နေလုံးထဲနှိုက် အရုဏ်တက်ယွေ့ မိုးသောက်ကြယ် ပေါ်ထွက်လာလဲ့တိုင်အောန် နင်လို့ဟ အေးစကားဟို မိုက်သော အရပ်နှိုက် ထွန်းလင်းနေလဲ့ ဆီမီးသဖွယ် ကောင်းစွာ အာရုံစိုက်သင့်အယ်။