21 ခမည်းတော်ဟ သေလွန်သောသူလို့ဟို အသက်ဆှင်စေသလို အဲတိုင်းတိုင်း သားတော်ဟလည်း မိမိအလိုဆိသူလို့ဟို အသက်ဆှင်စေအယ်။
ယေရှုဟ “ငါဟ ထမြောက်ခြင်းနဲ့ အသက်ဆှင်ခြင်းအကျောန်း ဖြစ်အယ်။ ငါ့ဟို ယုံကြည်သောသူဟ သေသော်လည်း ဆှင်လိမ့်မယ်။
အကျောန်းမှာ ကိုယ်တော်ဟ သားတော်အား လူအားလုံးဟို အုပ်စိုးရသောအခွင့်ဟို ပေးပီ၊ ဟေဟာဟ သားတော်သည် ကိုယ်တော်ပေးအပ်သမျှသောသူလို့အား ထာဝရအသက်ဟို ပေးနိန်ရန်အတွက် ဖြစ်အယ်။
ဘုရားသခင်ရဲ့ ဝိညာဉ်တော်သာ အသက်ဟို ဆှင်စေနိန်အယ်၊ လူလို့ရဲ့ တန်ခိုးဟ စလိုမျှ မတတ်နိန်။ နင်လို့အား ငါပြောသောစကားဟ အသက်ဆှင်စေလဲ့ ဝိညာဉ်တော်နဲ့ ဆိုင်အယ်။
သေသောသူလို့ဟို ဘုရားသခင် ထမြောက်စေတာဟို မယုံနိန်စရာ” ဟု နင်လို့တွင် ပစာကျောန့် ထင်ကြလုန်း။
ယေရှုဟို သေခြင်းမှ ထမြောက်စေသော ဘုရားသခင်ရဲ့ ဝိညာဉ်တော်ဟ နင်လို့အထဲနှိုက် အသက်ဆှင်ရင် ခရစ်တော်ဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေသော အဆှင်ဟ နင်လို့ အထဲနှိုက် ကျိန်းဝပ်သော သူရဲ့ ဝိညာဉ်တော်အားဖြင့် သေတတ်သော နင်လို့ရဲ့ ခန္ဓာကိုယ်ဟိုလည်း အသက်ဆှင်စေလိမ့်မယ်။
ကျမ်းစာလာတာဟ “ပထမ လူအာဒံဟ အသက်ဆှင်သောသူ ဖြစ်လာအယ်” ဟု ဖော်ပြအယ်။ နောက်ဆုံးဖြစ်သော အာဒံဟလည်း အသက်ဟို ရဆိစေသော ဝိညာဉ် ဖြစ်အယ်။