33 ကိုယ်တော်ရဲ့ သက်သေခံချက်ဟို လက်ခံသောသူဟတော့ အေးလို လက်ခံခြင်းအားဖြင့် ဘုရားသခင်ဟ သစ္စာစောင့်တာဟု အသိမှတ်ပြုအယ်။
ပုပ်ပျက်တတ်သော အစားအစာအတွက် မဟုတ်ဘဲ လူသားဟ နင်လို့ဟို ပေးမဲ့ ထာဝရ အသက်တိုင်အောန် တည်မြဲသော အစားအစာအတွက် လုပ်ဆောင်ကြလော့။ အကျောန်းမှာ ခမည်းတော် ဘုရားသခင်ဟ အဲလူသားဟို အသိအမှတ်ပြုအယ်” ဟု မိန့်အယ်။
“နင်လို့အကျောန်းနဲ့ ပတ်သတ်ယွေ့ ငါပြောစရာ ရမ်းဆာ့ ဆိအယ်၊ နင်လို့အား ပစ်တင်ရှုတ်ချစရာလည်း ရမ်းဆာ့များအယ်။ ငါ့ဟို စေလွှတ်သောသူဟ စစ်မန်ပင်း သူရဲ့ဆေမှ ငါကြားရလဲ့စကားဟိုသာ ဟေလောကနှိုက် ငါဟောပြောအယ်” ဟု မိန့်လေအယ်။
ငါ အဲဒီတာဝန်ပီးတဲ့အခါ သူလို့အတွက် ရဆိထားလဲ့ ငွေအားလုံးဟို အပ်ပေးပင်းမှ စပိန်ပြေဟို ငါ သွားမယ်၊ လမ်းကြုံ ကြိုက်ယွေ့ နင်လို့ဆေဟို ဝင်ရောက်လည်ပတ်မယ်။
အေးလို့ဖြင့် အာဗြဟံဟ အရေးဖျားမလှီးမီ ယုံကြည်ခြင်းအားဖြင့် ရဆိသော ဖြောင့်မတ်ခြင်းရဲ့ တံဆိပ်အဖြစ် အရေဖျားလှီးခြင်းရဲ့ အမှတ်လက္ခဏာဟို ခံယူအယ်။ ဟေစာဟ အာဗြဟံအား အရေဖျားမလှီးဘဲ ယုံကြည်သောသူအပေါင်းလို့ရဲ့ အဖဖြစ်စေရန်နဲ့ အေးသူလို့ဟလည်း ဖြောင့်မတ်ခြင်းဟို ရဆိကြစေရန်အတွက် ဖြစ်အယ်။
အခြားသောသူများဟ ငါ့အား တမန်တော်အဖြစ် လက်မခံသော်လည်း နင်လို့ဟ လက်ခံကြတာ မဟုတ်လော၊ အကျောန်းမှာ နင်လို့ဟ သခင်ဘုရားနှိုက် ငါရဲ့ တမန်တော်ဖြစ်ခြင်းရဲ့ တံဆိပ် ဖြစ်ကြအယ်။
ဘုရားသခင်ဟ သစ္စာနဲ့ ပြေ့စုံတာနဲ့အညီ နင်လို့အား ငါလို့ပြောသော စကားဟ တချိန်တည်းတွင် “ဟုတ်အယ်” နဲ့ “မဟုတ်ဝူး” ဟု ဖြစ်အယ်မဟုတ်။
သူရဲ့ ပိုင်ဆိုင်မှုဟို ငါလို့အပေါ်နှိုက် တံဆိပ်ခတ်ထားပင်း သူ့ရဲ့ ဝိညာဉ်တော်ဟို ငါလို့ရဲ့ စိတ်နေလုံးထဲတွင် ထည့်ထားကာ နောင်လာမဲ့အရာများဟို အာမခံပေးအယ်။
မန်သောစကားဟို ကြားသောအခါ နင်လို့ဟ ဘုရားသခင်ရဲ့ လူများဖြစ်လာကြပင်း အဲသတင်းကောင်းဟ ကယ်တင်ခြင်းဟို ပို့ဆောင်ပေးအယ်။ နင်ဟ ခရစ်တော်ကို ယုံကြည်ယွေ့ ဘုရားသခင်ဟ ကတိပြုထားသော သန့်ဆှင်းသော ဝိညာဉ်တော်ဟို နင့်အား ပေးဆောင်ခြင်းဖြင့် သူရဲ့ ပိုင်ဆိုင်ခွင့် တံဆိပ်ခတ်ခြင်းဟို နင့်အပေါ် ထားခဲ့အယ်။
ရွေးနုတ်ခြင်း နေ့ရက်အတွက် တံဆိပ်ခတ်ခြင်း ခံရသော ဘုရားသခင်ရဲ့ သန့်ဆှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေနဲ့။
အားပေမဲ့ ဘုရားသခင် ချထားလဲ့ အုတ်မြစ်ဟ ခိုင်ခံ့လျက်ဆိပင်း အဲအုတ်မြစ်ပေါ်တွင် “ထာဝရဘုရားဟ မိမိရဲ့ လူစုတော်အား သိအယ်” ဟူယွေ့ လည်းကောင်း၊ “သခင်ဘုရားရဲ့ နာမဟို ခံရသူအပေါင်းလို့ဟ မကောင်းသောအမှုဟို ဆှောင်ကြဉ်ရကြမယ်” ဟူယွေ့ လည်းကောင်း တံဆိပ်ခတ်နှိပ်ထားအယ်။
ဘုရားသခင်ဟ မိမိအကြံအစည်တော်ဟို ပြောင်းလဲမယ် မဟုတ်ကျောန်းဟို ကတိတော်ဆိုင်ရာ ဆုကျေးဇူးများ ခံယူရမဲ့ သူလို့အား ရမ်းဆာ့ ဆှင်းလင်းစွာ ဖော်ပြလိုအယ်၊ အဲလိုမို့ ကိုယ်တော်ဟ တိုင်တည်ကျိန်ဆိုခြင်း အားဖြင့် ကတိပြုခြင်း ဖြစ်အယ်။
အပစ် မပြုဖူးဟု ငါလို့ဆိုရင် ငါလို့ဟ ဘုရားသခင်ဟို ဝါသောသူဟု ဆိုရာ ရောက်ယွေ့ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟ ငါလို့နှိုက် မဆိ။