25 ယောဟန်ရဲ့ တဘဲ့အချို့လို့ဟ ထုံးတမ်းစဉ်လာစလေ့အရ သန့်ဆှင်းခြင်းအကျောန်းနဲ့ ပတ်သက်ယွေ့ ယုဒအမျိုးသားတယောက်နဲ့ စတင် အငြင်းပွားကြအယ်။
နင်လို့ နောင်တရလဲ့အတွက် ငါဟ ယေနှိုက် နှစ်ခြင်းဟို ပေးအယ်။ အဲလိုလဲ ငါထက်ကြီးမြတ်သောသူဟ နောက်တွင် ကြွလာမယ်၊ ငါဟ သူရဲ့ ဖိနပ်ဟိုမျှ ကိုင်ဆောင်ရန် မထိုက်တန်ပါ။ သူဟ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့ မီးနှိုက် နင်လို့ဟို နှစ်ခြင်း ပေးလိမ့်မယ်။
“နင်လို့ဟ ဘုရားသခင်ရဲ့ ပညတ်တော်ဟို ပယ်ယွေ့ လူလို့ရဲ့ စလေ့ထုံးတမ်းများဟို လိုက်နာအယ်” ဟု သူလို့ဟို ပြန်ပြောအယ်။
ယုဒအမျိုးသားလို့ရဲ့ ထုံးတမ်းစဉ်လာစလေ့အရ သန့်စင်မှုဟို ပြုရန် ရည်ရွယ်ချက်ဖြင့် ကျောက်အိုးကြီး ခြောက်လုံးဟို ထားအယ်၊ အဲယေအိုးတလုံးစီဟ ဂါလံနေဆယ်နဲ့ သုံးဆယ်ခန့်လောက် ဆန့်အယ်။
နင်လို့ဟ နှစ်ခြင်းမင်္ဂလာဟို သွန်သင်ခြင်း၊ လက်တင်ခြင်း၊ သေခြင်းမှ ဆှင်ပြန်ထမြောက်ခြင်းနဲ့ ထာဝရ တရားစီရင်ခြင်းအကျောန်း နင်လို့အား သင်ကြားပင်း ဖြစ်အယ်။
အဲအရာလို့ဟ စားစရာ၊ သောက်စရာနဲ့ ဆေးကြောသန့်စင်ခြင်း ဝတ်များနဲ့ဆိုင်အယ်။ ဟေဟာဟ ပြင်ပနဲ့ ဆိုင်လဲ့ စည်းမျဉ်းများ ဖြစ်ယွေ့ ခပ်သိမ်းသောအရာလို့ဟို ဘုရားသခင် အသစ်ပြုပြင်မဲ့ ကာလတိုင်အောန်သာ တည်ဆိနေကြအယ်။
အဲကျောန့် ခေါန်းခင်ဘုံနှိုက်ဆိသော အရာလို့ရဲ့ နမူနာများဟို အေးအရာများအားဖြင့် စင်ကြယ်စေရန် လိုအပ်အယ်။ အားပေမဲ့ ခေါန်းခင်နှိုက် ဆိသောအရာစစ်လို့ဟို အေးအရာများထက် သာယွေ့ မြတ်သောယဇ်အားဖြင့် သန့်ဆှင်းစေရန် လိုအပ်အယ်။
အေးအရာဟ အခု နင်လို့ဟို ကယ်တင်သော နှစ်ခြင်းဟို ပုံဆောင်အယ်။ နှစ်ခြင်းဟ ကိုယ်ကာယရဲ့ အညစ်အကြေးဟို ချွတ်ပယ်ခြင်း မဟုတ်ဘဲ ယေရှု ခရစ်တော်ရဲ့ ဆှင်ပြန်ထမြောက်ခြင်းအားဖြင့် ကောင်းသော အသိစိတ်ဟို ဘုရားသခင်ဆေ တောင်းဆှောက်ခြင်း ဖြစ်အယ်။