24 ဟေအကျောန်းရာလို့ဟို သက်သေခံယွေ့ ရေးသားထားသူမှာ အေးတဘဲ့တော်ပင် ဖြစ်အယ်။ သူရဲ့ သက်သေခံချက် မန်ကျောန်းဟိုလည်း ငါလို့ သိကြအယ်။
နင်လို့ဟလည်း အစဦးဟပင် ငါနဲ့အတူဆိနေသောကျောန့် ငါ့အကျောန်းဟို သက်သေခံရကြလိမ့်မယ်။
ဟေအရာဟို မျော်သောသူဟ သက်သေခံခဲ့ယွေ့ သူရဲ့ သက်သေခံချက်ဟလည်း မန်အယ်။ နင်လို့ဟလည်း ယုံကြည်ကြရန် သူဟ မန်ကန်စွာ ပြောဆိုနေကျောန်း သူသိအယ်။
ယေရှု ခရစ်တော်ဟ ယေအားဖြင့် နှစ်ခြင်းဟို ခံယူလျက် အသွေးဟို သွန်းယွေ့ အသေခံလျက် ကြွလာသောသူ ဖြစ်အယ်။ ကိုယ်တော်ဟ ယေအားဖြင့်သာ ကြွလာတာ မဟုတ်ဘဲ ယေအားဖြင့် လည်းကောင်း၊ အသွေးအားဖြင့် လည်းကောင်း ကြွလာအယ်။ ဝိညာဉ်တော်ဟ သမ္မာတရားဖြစ်ယွေ့ ကြွလာကျောန်းဟို သက်သေခံအယ်။
ဒေမေတရိ အကျောန်းဟို လူအားလုံးလို့မှ စယွေ့ သမ္မာတရားတတ်တိုင်းဟ သက်သေခံအယ်။ ငါလို့ဟလည်း သက်သေခံကြအယ်။ ငါလို့ရဲ့ သက်သေခံချက်ဟ မန်ကန်ကျောန်းဟိုလည်း နင်သိအယ်။